ေမသန္းႏုရဲ႕ေမြးေန႔မွာ ဝမ္းနည္းစြာနဲ႔ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့တဲ့ ဇင္ေယာ္ေမာင္ေမာင္

အႏုပညာ

ဒီေန႔ ဇန္နဝါရီလ(၂၇)ရက္ေန႔ေလးကေတာ့ ေမသန္းႏုရဲ႕(၅၉)ႏွစ္ျပည့္ေမြးေန႔ေလးပဲျဖစ္ပါတယ္။ေမသန္းႏုကေတာ့ ဟိုးအရင္အခ်ိန္ေတြကတည္းက ေအာင္ျမင္တဲ့မင္းသမီးတစ္လက္အေနနဲ႔ အႏုပညာေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တာျဖစ္ၿပီး ေအာင္ျမင္မႈရလဒ္အေနနဲ႔အကယ္ဒမီဆုႀကီး ငါးဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။

 ျပည္သူခ်စ္မင္းသမီးတစ္ေယာက္အေနနဲ႔ ရပ္တည္လာခဲ့ေပမယ့္ မၾကာေသးခင္ကျဖစ္ပြားခဲ့တဲ့ ေငြေၾကးလိမ္လည္မႈတစ္ခုေၾကာင့္ ရန္ကင္းတရား႐ုံးကေန ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံခဲ့ရတာေၾကာင့္ ပရိသတ္ေတြကေတာ့ မ်ားစြာစိတ္မေကာင္းျဖစ္ခဲ့ရတာပါ။

Image may contain: 1 person, smiling

Image may contain: 2 people

ခင္ပြန္းေဟာင္းျဖစ္သူ ဇင္ေယာ္ေမာင္ေမာင္နဲ႔ သားေလးမင္းသန႔္ေမာင္ေမာင္တို႔ကေတာ့ သားေလးရဲ႕ပထမဆုံးပြဲဦးထြက္ဇာတ္ကားျဖစ္တဲ့ တိမ္ေတြေပၚကပန္း ဇာတ္ကား စင္ကာပူမွာ႐ုံတင္ျပသေနတာမို႔ စင္ကာပူကိုေရာက္ရွိေနတာပါ။ဒီေန႔က်ေရာက္တဲ့ ေမသန္းႏုေမြးေန႔မွာေတာ့ ဇင္ေယာ္ေမာင္ေမာင္က စင္ကာပူကေနၿပီးေတာ့ စိတ္မေကာင္းစြာနဲ႔ ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့တာျဖစ္ပါတယ္။

“Happy Birthday မ ဆင့္ !ဒီေန႔ဒီအခ်ိန္ကစၿပီး အခက္အခဲေတြ.. အက်ပ္အတည္းေတြ ေက်ာ္လႊား ႏိုင္ပါေစ.. ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ရင္း အျပစ္ေတြ ေက်ပါေစ.. လြတ္ေျမာက္ပါေစ.. ခ်စ္လွစြာ ေသာ သားရဲ႕ အေမတစ္ေယာက္အတြက္ ေတာင္းဆုျပဳပါသည္.. ဒီဆုကိုေတာ့ အလြန္မင္းဆုေတာင္း ျပည့္လိုပါသည္ .. ဘုရားရွင္ထံေတာင္းဆုျပဳပါသည္” ဆိုၿပီးဆုေတာင္းေပးခဲ့တာပါ။ပရိသတ္ႀကီးလည္း မဆင့္ရဲ႕ေမြးေန႔ေလးမွာ အခက္အခဲေတြအကုန္ေက်ာ္လႊားႏိုင္ၿပီး အျမန္ဆုံးျပန္လည္လြတ္ေျမာက္လာႏိုင္ဖို႔ ဆုေတာင္းေပးခဲ့ပါဦးေနာ္။

Unicode

ဒီနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့လေးကတော့ မေသန်းနုရဲ့(၅၉)နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။မေသန်းနုကတော့ ဟိုးအရင်အချိန်တွေကတည်းက အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ အနုပညာလောကမှာ ထင်ရှားကျော်ကြားခဲ့တာဖြစ်ပြီး အောင်မြင်မှုရလဒ်အနေနဲ့အကယ်ဒမီဆုကြီး ငါးဆုကို ဆွတ်ခူးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Image may contain: 1 person

ပြည်သူချစ်မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့ပေမယ့် မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ငွေကြေးလိမ်လည်မှုတစ်ခုကြောင့် ရန်ကင်းတရားရုံးကနေ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာကြောင့် ပရိသတ်တွေကတော့ များစွာစိတ်မကောင်းဖြစ်ခဲ့ရတာပါ။

Image may contain: 2 people

ခင်ပွန်းဟောင်းဖြစ်သူ ဇင်ယော်မောင်မောင်နဲ့ သားလေးမင်းသန့်မောင်မောင်တို့ကတော့ သားလေးရဲ့ပထမဆုံးပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ တိမ်တွေပေါ်ကပန်း ဇာတ်ကား စင်ကာပူမှာရုံတင်ပြသနေတာမို့ စင်ကာပူကိုရောက်ရှိနေတာပါ။ဒီနေ့ကျရောက်တဲ့ မေသန်းနုမွေးနေ့မှာတော့ ဇင်ယော်မောင်မောင်က စင်ကာပူကနေပြီးတော့ စိတ်မကောင်းစွာနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person

“Happy Birthday မ ဆင့် !ဒီနေ့ဒီအချိန်ကစပြီး အခက်အခဲတွေ.. အကျပ်အတည်းတွေ ကျော်လွှား နိုင်ပါစေ.. ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း အပြစ်တွေ ကျေပါစေ.. လွတ်မြောက်ပါစေ.. ချစ်လှစွာ သော သားရဲ့ အမေတစ်ယောက်အတွက် တောင်းဆုပြုပါသည်.. ဒီဆုကိုတော့ အလွန်မင်းဆုတောင်း ပြည့်လိုပါသည် .. ဘုရားရှင်ထံတောင်းဆုပြုပါသည်” ဆိုပြီးဆုတောင်းပေးခဲ့တာပါ။ပရိသတ်ကြီးလည်း မဆင့်ရဲ့မွေးနေ့လေးမှာ အခက်အခဲတွေအကုန်ကျော်လွှားနိုင်ပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်လာနိုင်ဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Image may contain: 1 personSource – Zin Yaw Mg Mg