ပထမဆုံး႐ုပ္ရွင္ကားႀကီးအတြက္ ရင္ခုန္ေနတဲ့ ျဖဴျဖဴေထြး

အႏုပညာ

ျဖဴျဖဴေထြးဟာ အက္ရွင္ဇာတ္ကားေတြနဲ႔ ပတ္သက္လာရင္ မင္းသားဂြၽန္ဂို ကိုအရမ္းအားေပးခဲ့တာပါတဲ့။ သူမကိုယ္တိုင္ကလည္း မၾကာခင္ အက္ရွင္ ႐ုပ္ရွင္႐ိုက္ေတာ့မယ္လို႔ သိရပါတယ္။

ျဖဴျဖဴေထြးကေတာ့ မၾကာခင္မွာ ႐ုပ္ရွင္ကားႀကီး႐ိုက္ေတာ့မယ္လို႔ သိရပါတယ္။ အက္ရွင္ဇာတ္ကားျဖစ္တဲ့ အတြက္ ေတာ္ေတာ္ ႀကိဳးစားရမယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ ၃ လပိုင္းမွာ ႐ုပ္ရွင္ကားႀကီးတစ္ကား ႐ိုက္ျဖစ္မယ္။ ဇာတ္ကားကေတာ့ ေတာ္ေတာ္ၾကမ္းတယ္လို႔ေျပာတယ္။ ႐ိုက္မယ့္ ဒါ႐ိုက္တာႀကီးကလည္း အႀကီးႀကီးေပါ့ေနာ္။ အဲဒီအတြက္လည္း အရမ္းရင္ခုန္ ေနပါတယ္။ ေလာေလာဆယ္ စရံပဲရပါေသးတယ္၊ ဇာတ္ၫႊန္းမဖတ္ရေသးဘူး။ ပါဝင္ရမယ့္ ကာ႐ိုက္တာကေတာ့ ကိုယ္နဲ႔ လုံးဝမလိုက္တဲ့ ကာ႐ိုက္တာမ်ိဳးေလ ႀကိဳးစားရမွာေပါ့” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၉ ရက္ေန႔က ေ႐ႊျပည္နန္းပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

အက္ရွင္ဇာတ္ကားေတြနဲ႔ ပတ္သက္လာရင္ သ႐ုပ္ေဆာင္ဂြၽန္ဂို က အရမ္းအားေပးခဲ့တယ္လို႔ ျဖဴျဖဴေထြးက ေျပာပါတယ္။ ဂြၽန္ဂို ဇာတ္ကားေတြၾကည့္ၿပီး သူငယ္ခ်င္းေတြနဲ႔ ဖိုက္တင္ခ်တိုင္းေတာင္ ကစားခဲ့ေသးတယ္လို႔ ဆိုပါတယ္။

Image may contain: 1 person, smiling, stripes and outdoor

“ ကိုယ္က အရင္တုန္းက ဂြၽန္ဂို ကိုအရမ္းႀကိဳက္တာ။ ႐ြာမွာဆိုရင္ ဂြၽန္ဂိုနာမည္ႀကီးေလ။ ဂြၽန္ဂိုဇာတ္ကားေတြၾကည့္ၿပီးေတာ့ သူငယ္ခ်င္းေတြ ရန္ျဖစ္တာ။ ကိုယ္က ဖိုက္တင္ကားေတြၾကည့္ၿပီး အိမ္မွာလည္း ေလ့က်င့္တာကိုး။ အဲဒီမွာ မွတ္မွတ္ရရ သူငယ္ခ်င္းတစ္ေယာက္က တုတ္ႀကီးနဲ႔ အေနာက္ကေန လာဖက္ေတာ့ ကိုယ္ကလည္း ဇာတ္ကားေတြထဲက အတိုင္း ေနာက္ေစ့နဲ႔ တိုက္လိုက္တာ မ်က္လုံးကို ညိဳမဲၿပီးေတာ့ ေဆးခန္းသြားတာ ၃၀၀၀ ေလ်ာ္လိုက္ရတယ္ေလ။ ၅၀ ေလာက္ကိုမနည္းလုပ္ေနရတဲ့အခ်ိန္မွာ ၃၀၀၀ ဆိုေတာ့ အေမနဲ႔ အေဖလည္း ေသြးတက္သြားတယ္” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ Source – Cele Yatkwat

Unicode

ဖြူဖြူထွေးဟာ အက်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် မင်းသားဂျွန်ဂို ကိုအရမ်းအားပေးခဲ့တာပါတဲ့။ သူမကိုယ်တိုင်ကလည်း မကြာခင် အက်ရှင် ရုပ်ရှင်ရိုက်တော့မယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, car, shoes and stripes

ဖြူဖြူထွေးကတော့ မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်တော့မယ်လို့ သိရပါတယ်။ အက်ရှင်ဇာတ်ကားဖြစ်တဲ့ အတွက် တော်တော် ကြိုးစားရမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Image may contain: 1 person, smiling, standing

“ ၃ လပိုင်းမှာ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖြစ်မယ်။ ဇာတ်ကားကတော့ တော်တော်ကြမ်းတယ်လို့ပြောတယ်။ ရိုက်မယ့် ဒါရိုက်တာကြီးကလည်း အကြီးကြီးပေါ့နော်။ အဲဒီအတွက်လည်း အရမ်းရင်ခုန် နေပါတယ်။ လောလောဆယ် စရံပဲရပါသေးတယ်၊ ဇာတ်ညွှန်းမဖတ်ရသေးဘူး။ ပါဝင်ရမယ့် ကာရိုက်တာကတော့ ကိုယ်နဲ့ လုံးဝမလိုက်တဲ့ ကာရိုက်တာမျိုးလေ ကြိုးစားရမှာပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေပြည်နန်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 1 person, smiling, sitting

အက်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် သရုပ်ဆောင်ဂျွန်ဂို က အရမ်းအားပေးခဲ့တယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။ ဂျွန်ဂို ဇာတ်ကားတွေကြည့်ပြီး သူငယ်ချင်းတွေနဲ့ ဖိုက်တင်ချတိုင်းတောင် ကစားခဲ့သေးတယ်လို့ ဆိုပါတယ်။

Image may contain: 1 person, smiling, sitting, standing and child

“ ကိုယ်က အရင်တုန်းက ဂျွန်ဂို ကိုအရမ်းကြိုက်တာ။ ရွာမှာဆိုရင် ဂျွန်ဂိုနာမည်ကြီးလေ။ ဂျွန်ဂိုဇာတ်ကားတွေကြည့်ပြီးတော့ သူငယ်ချင်းတွေ ရန်ဖြစ်တာ။ ကိုယ်က ဖိုက်တင်ကားတွေကြည့်ပြီး အိမ်မှာလည်း လေ့ကျင့်တာကိုး။ အဲဒီမှာ မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်က တုတ်ကြီးနဲ့ အနောက်ကနေ လာဖက်တော့ ကိုယ်ကလည်း ဇာတ်ကားတွေထဲက အတိုင်း နောက်စေ့နဲ့ တိုက်လိုက်တာ မျက်လုံးကို ညိုမဲပြီးတော့ ဆေးခန်းသွားတာ ၃၀၀၀ လျော်လိုက်ရတယ်လေ။ ၅၀ လောက်ကိုမနည်းလုပ်နေရတဲ့အချိန်မှာ ၃၀၀၀ ဆိုတော့ အမေနဲ့ အဖေလည်း သွေးတက်သွားတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။