ချစ်စရာကောင်းပြီး ကိုရီးယားမလေးလို ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို များစွာ ရရှိခဲ့သူတစ်ယောက်ပါ။ ဝတ်မှုံရွှေရည်က အခု အနုပညာသက်တမ်း ဆယ်နှစ်ကျော်တိုင် အောင်မြင်မှုအရှိန် လုံးဝကျမသွားပဲ နိုင်ငံရပ်ခြားထိ အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း ပရိသတ်တွေ အားပေးရကြိုးနပ်အောင် အနုပညာလုပ်ငန်းတွေ ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ နှစ်သစ်ကူးအချိန်သမယမှာ အနောက်ဥရောပ နိုင်ငံတွေဆီ အလည်အပတ်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမသွားရောက်လည်ပတ်ခဲ့တဲ့ ပြင်သစ်နိုင်ငံထဲက ရွာလေးရဲ့ စိတ်ဝင်စားစရာ အကြောင်းတွေကို ပြောပြထားပါတယ်။
ထိုရွာလေးက ကမ္ဘာကျော် ကာတွန်းနဲ့ ရုပ်ရှင်ဇာတ်လမ်းဖြစ်တဲ့ Beauty and the Beast ရဲ့ inspiration ယူထားတဲ့ Village ဆိုတဲ့ ရွာငယ်လေးတစ်ရွာပဲ ဖြစ်ပြီး ဇာတ်လမ်းထဲကအတိုင်းပဲ ရွာအလည်မှာ ရေပန်းကြီးရှိပါတယ်။
ထိုရွာလေးထဲက တချို့သောအိမ်တံခါးတွေမှာ အသည်းပုံ ပုံစံလေးတွေ ပုံဖော်ထားတာကို တွေ့မြင်ရမှာဖြစ်ပြီး ထိုအမှတ်အသားဟာ ထိုအိမ်မှာ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးရှိတယ်လို့ ယူဆပါတယ်။
ပြင်သစ်က Nobel လူမျိုးတွေ နေထိုင်တဲ့အိမ်တွေမှာတော့ ကြက်ခြေခတ်ပုံစံနဲ့ အိမ်အရှေ့ပိုင်းကို ပုံဖော်ထားတယ်လို့ ဝတ်မှုံရွှေရည်က ပြောပြထားပါသေးတယ်။
ဒီစားသောက်ဆိုင်ပိုင်ရှင်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ ဆိုင်ပိုင်ရှင်က သူ့ဆိုင်ကို သူဖွင့်ချင်တဲ့အချိန်မှသာ ဖွင့်တယ်လို့ ဝတ်မှုံရွှေရည်က အမှတ်တရ ပြောပြထားပါသေးတယ်။
ဝတ်မှုံရွှေရည်ရဲ့ ပြင်သစ်ခရီးစဉ်လေးကတော့ စိတ်ဝင်စားစရာတွေနဲ့ အရမ်းပျော်စရာကောင်းမှာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ခရီးသွားအမှတ်တရပုံရိပ်တွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး