သမီးလေးပျော်နေဖို့အတွက် အကောင်းဆုံးမိတ်ဆွေတွေအဖြစ် ဆက်လက်ရှိနေမယ်ဆိုတဲ့ ချမ်းချမ်း

အနုပညာ

ချမ်းချမ်းကတော့ သူမရဲ့ သမီးလေးဟာ သူမရဲ့ ဘဝဖြစ်တာမို့ သမီးလေးပျော်နေဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် မုန်းခြင်းတွေနဲ့မဟုတ်ဘဲ အကောင်းဆုံး ၊ အရိုးသားဆုံးမိတ်ဆွေတွေအဖြစ် ဆက်လက်ရှိနေသွားမယ်လို့ ဆိုပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people smiling, selfie, closeup and indoor

ချမ်းချမ်းက သမီးလေး မြမိုးဂင်္ဂါရဲ့ အသက် (၆) နှစ်ပြည့်မွေးနေ့လေးမှာ ဖခင်ဖြစ်သူ ဘုဏ်းသိုက်နဲ့အတူ သမီးလေးပျော်ရွှင်မှုတွေ ရရှိအောင် ဖြတ်သန်းခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ တရားဝင် ကွာရှင်းလိုက်ကြပေမယ့် သားသမီးရဲ့ စိတ်ပျော်ရွှင်မှုအတွက်တော့ ဘယ်မိဘမဆို ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။

Image may contain: 3 people, people standing and indoor

Image may contain: 2 people, people standing and indoor

၂၀၂၀ ခုနှစ်ထဲမှာကျရောက်လာတဲ့ သမီးလေး မြမိုးဂင်္ဂါတစ်ယောက် သူ့မွေးနေ့မှာ သူချစ်တဲ့သူတွေနဲ့ ဖြတ်သန်းဖို့ မိခင်ဖြစ်သူကို ပြောပြဖူးတယ်လို့ဆိုပါတယ်။ သမီးလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့ ချမ်းချမ်းက အရင်အချိန်တွေတုန်းက တွေ့လိုက်တိုင်း ရန်ဖြစ် ၊ သတ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ သမီးလေး မွေးနေ့ကို ပျော်အောင်ဖန်တီးပေးနိုင်ခဲ့တယ်လို့ ယခုလိုဆိုလာပါတယ်။

Image may contain: 2 people, people sitting and indoor

Image may contain: 5 people, people sitting and child

“သမီး​လေး​ပျော်ေ​နတာမြင်​ရလို့စိတ်​ချမ်းသာတယ်​..သူ့ဘဝမှာသူချစ်​တဲ့သူ​တွေနဲ့​မွေး​နေ့​လေးကိုဖြတ်​သန်းဖို့​ပြောဖူးတယ်​..​ကျေင်းမှာလဲ​မွေး​နေ့လုပ်​..သူချစ်​တဲ့အ​ဖေနဲ့အ​မေကလဲ တဖက်​တလမ်းက​နေ အရာရာလိုက်​ဖြညိ့်​စည်း​ပေး​တော့ သူ​ပျော်​​နေရှာတယ်​…သမီးကို​မွေး​နေ့ဆု​တောင်း​ပေးတဲ့ အဖက်​ဖက်​မှ မိတ်​​ဆွေသူငယ်​ချင်းများကိုလဲ​ကျေးဇူးပါ…ဘဝမှာသင်​ခန်းစာ​တေထပ်​တလဲလဲရပီးတဲ့​နောက်​ အရာရာကိုရင်​ဆိုင်​ရဲလာတယ်​…အရင်​က ကိုယ်​​တေနှစ်​​ယောက်​​တွေ့လိုက်​တာနဲ့ အရမ်းရန်​ဖြစ်​ကြ..သတ်​ကြနဲ့..အခုဒီနှစ်​​မွေး​နေ့​လေးမှာသမီး​ပျော်​​အောင်​လုပ်​​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​…​နောက်​လဲသမီးရဲ့​ကျောင်းပွဲ..သမီး​မွေး​နေ့..သမီးဘွဲ့ယူမယ့်​​နေ့​တွေ​ရောက်​လာဦးမယ်​..”

Image may contain: 1 person, outdoor

Image may contain: 3 people, people standing and outdoor

“အဲ့ဒီ့အခါကျရင်​လဲ အခုလိုပဲ သမီး​လေးနားမှာအပြုးံမပျက်​..အခင်​မင်​မပျက်​ မိတ်​​ဆွေ ​တွေအဖြစ်​အမြဲရှိ​ပေး​ဖို့​မျော်​လင့်​ပါတယ်​..အခု​မွေး​နေ့​လေး​တော့သမီး​လေး​ပျော်​သွားပြီ..အလုပ်​နဲ့ကိုယ်​​ရေးကိုယ်​တာခွဲခြားလာနိုင်​တဲ့​နေ့တ​နေ့ကိုထပ်​​ရောက်​လာဦးမယ်​..အလုပ်​​တွေတွဲလုပ်​ဖို့လဲရှိတယ်​..​ရှေ့​လျောက်​လဲ အခုလိုပဲ သမီးအတွက်​ လိုအပ်​ရင်​ရှိ​နေ​ပေးလိုက်​ပါဦး..Beer papa ​ရေ…ရိုးသားစွာမိတ်​​ဆွေ​တွေအဖြစ်​ပြန်​လည်​စကား​ပြောခွင့်​ရှိလာလို့ကိုယ့်​ကိုယ်​ကို​ကျေနပ်​တယ်​..ခံစားချက်​ဆိုတာ ကိုယ်​နဲ့ပဲဆိုင်​ပါတယ်​..ကိုယ့်​ဘက်​က အရာရာကိုအ​လျော့​ပေးနားလည်​လာတဲ့အခါချစ်​ခြင်းမုန်းခြင်းဆိုတာ ခံစားမှုတမျှသာပါ…လူတိုင်းနားလည်​ခံစားနိုင်​ပါ​စေ…အိမ်​​ထောင်​ကွဲသွားတိုင်းတ​ယောက်​နဲ့တ​ယောက်​မုန်း​နေသတ်​​နေကြမယ်​ဆိုတာအဓိပ္ပါယ်​မရှိပါဘူး..အ​ကောင်းဆုးံမိတ်​​ဆွေ​တေအဖြစ်​ဆက်​လက်​ရပ်​တည်​​နေမယ်​ဆိုသားသမီး​တေအတွက်​ အရာရာဟာ​ပျော်​ရွှင်​စရာ ဖြစ်​လာမှာပါ…”

Image may contain: 5 people, people smiling, people standing and outdoor

Image may contain: 3 people, people smiling, people standing and outdoor

ချမ်းချမ်းက သူမဖြတ်သန်းနေရတဲ့ ဘဝဒဏ်ကိုကြံ့ကြံ့ခံပြီး သမီးလေးအတွက် ရင်ဆိုင်ဖြတ်သန်းနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အိမ်ထောင်ကွဲသွားပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနေစရာမလိုဘူးလို့ ရေးသားထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သမီးလေးအတွက် အကောင်းဆုံးမိတ်ဆွေတွေအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ သိရပါတယ်။

Image may contain: 3 people, people smiling, people standing and outdoorImage may contain: 9 people, people smiling, people sitting and child

အမုန်းနဲ့လမ်းခွဲခြင်းမျိုးမဟုတ်တဲ့ ချစ်ခြင်းတရားကို ချမ်းချမ်းက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သမီးလေးပျော်ရွှင်ဖို့ ဒီထက်ပိုပြီး ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

Image may contain: 2 people, people smiling, closeup

Cele Star