အိုင်ဗီလေးကိုမြင်တိုင်း ကလေးမွေးချင်တယ်ဆိုတဲ့ ပိုပို

အနုပညာ

နိုင်ငံကျော်အဆိုတော် ပိုပိုကတော့ နိုင်ငံကျော်အဆိုတော်အေသင်ချိုရဲ့ သမီးလေး အိုင်ဗီလေးကိုမြင်တိုင်း ကလေးမွေးချင်တဲ့အကြောင်းကို “သူ့ကိုမြင်တိုင်း ကလေးမွေးချင်လို့” ဆိုကာ အိုင်ဗီပုံလေးကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာပြန်လည်မျှဝေထားပါတယ်။ ပိုပိုကတော့ အလွမ်း၊အချစ်သီချင်းလေးတွေကို ကိုယ်တိုင်ရေးစပ် သီဆိုလေ့ရှိပြီး ကလေးလေးတွေကို အလွန်ချစ်မြတ်နိုးတက်သူလည်းဖြစ်ပါတယ်။

ပိုပိုဟာ တေးစီးရီးအယ်ဘမ်တွေနဲ့ တစ်ကိုယ်တော်တေးစီးရီးတော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ ဘဝကို ရဲရဲရင်ဆိုင်ကျော်ဖြတ်နေတဲ့ အဆိုတော်မလေးတစ်ယောက်လို့ ဆိုလည်းမမှားပါဘူး။ပိုပိုရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့သလို ပိုပိုကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သီဆိုထားခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, sitting and indoor

အဆိုတော်ကိုယ်စီတိုင်းမှာရှိတဲ့ ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show ကို ကျင်းပဖို့အတွက် ပိုပိုတစ်ယောက် စိတ်အားထက်သန်နေခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အကောင်အထည်ဖော်နေပြီလည်းဖြစ်ပါတယ်။ အိုင်ဗီလေးဟာ နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေရဲ့ သမီးလေးဖြစ်ပြီး ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ပေးကာ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ သူလေးပါပဲ။

Image may contain: 1 person, smiling, child, closeup and outdoor

လက်ရှိမှာတော့ အိုင်ဗီလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ အနုပညာမျိုးဆက်သစ် အိုင်ဗီလေးကိုတွေ့တိုင်း နိုင်ငံကျော်အဆိုတော် ပိုပိုက ကလေးမွေးချင်ပါတယ်တဲ့နော်။

Image may contain: one or more people and people standing