သူ့ရဲ့ ချစ်သူခင်လွှမ်း အပေါ်မှာထားရှိတဲ့ မိခင်ရဲ့ အာဂမေတ္တာတရားတွေကို ဖွင့်ဟလာတဲ့ စည်ဖြိုး

အနုပညာ

သရုပ်ဆောင် စည်ဖြိုးကတော့ သူ့ရဲ့ ချစ်သူလေး ခင်လွှမ်းအပေါ်မှာ ထားရှိတဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားတွေကို ချီးကျူးလာခဲ့ပါတယ်။

Image may contain: 2 people, closeup

Image may contain: 3 people, people smiling, people standing and indoor

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီးတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့ စည်ဖြိုးက သူချစ်တဲ့သူကို အနုပညာလောကထဲကနေပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။ ခင်လွှမ်းဟာ မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကထဲဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်မှာ ၂၀၁၉ ခုနှစ်အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုအဖြစ် ဝင်ရောက်လျှောက်ထားနေတာကို တွေ့ရပါတယ်။

Image may contain: 4 people, people smiling, people standing

Image may contain: 1 person, standing and outdoor

ချစ်သူ စည်ဖြိုးကိုလည်း ဂရုတစိုက်ရှိလှပြီး မကြာသေးခင်ရက်ပိုင်းက ဆေးရုံတက်နေတဲ့ ချစ်သူကို သွားရောက်စောင့်ရှောက်ခဲ့သေးတာပါ။ စည်ဖြိုးက သူ့ချစ်သူ ခင်လွှမ်းနဲ့ မိခင်ဖြစ်သူတို့ အဆင်ပြေနေပြီး တစ်ဦးနဲ့တစ်ဦး မေတ္တာတရားထားရှိပုံလေးတွေကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people standing and food

Image may contain: 2 people, selfie and closeup

“တစ်ကယ့်အာဂမိဘဆိုတာ တစ်ချိန်ကျ ကိုယ့်နှလုံးသားထဲက သွေးသားကို..ဆွဲထုတ်သွားမယ့် သူကိုတောင် မေတ္တာထားနိုင်တာမျိုးပါ..ခုမှသိတာ မနေ့ကလည်းကိုယ်တိုင်ကဖျားနေပါလျှက် ဂျူးအဖျားတက်နေတယ်ကြားတော့ ချက်ချင်းဆေးခန်းကိုယ်တိုင်လိုက်ပို့ပေးတယ်.. ဒီနေ့လည်းမနက်ရောက်တာနဲ့ အခြေအနေလာမေးရှာတယ် လောလောနဲ့ ပြန်ထွက်သွားတာ မေကြီးကော fine ရဲ့လားလို့ပြန်မေးဖို့တောင်အချိန်မရလိုက်ဘူး အလုပ်များတဲ့ကြားကပါ…အသွေးအသားဖြစ်တဲ့ဒီသားကလည်း လူပျိုဘဝရော လူအိုဘဝရော ဘယ်ဘဝရောက်ရောက် ဘယ်မှထွက်မသွားပဲ မိဘနဲ့ နေသွားပြီး ကိုယ်ချမ်းသာပြီးသားဖြစ်တဲ့အတွက် စိတ်ချမ်းသာအောင်ထားကျေးဇူးဆပ်သွားပါ့မယ် လို့ပြောရင်း..ယောက္မ နဲ့အတူမနေနိုင်ရင်ကိုကြီးဘဝထဲမလာနဲ့လို့ပါ…ပြောလိုက်ချင်ပါတယ်… 🙏🏻❤️✌🏻” လို့ မိခင်ဖြစ်သူအပေါ် ကျေးဇူးဆပ်သွားမယ့်အကြောင်းလေးပါ ပြောပြထားတာပါ။

Image may contain: 2 people, people smiling, closeup

Image may contain: 5 people, people smiling, people standing

Image may contain: 3 people, people smiling, people standing

တစ်ချိန်မှာ ကိုယ့်နှလုံးသားထဲက ဆွဲထုတ်သွားမယ်ဆိုတာ သိသိရက်နဲ့ ချွေးမဖြစ်လာမယ့်သူကို မေတ္တာတရားအပြည့်အဝ ပေးနိုင်တဲ့ အာဂမိခင်ကို စည်ဖြိုးတစ်ယောက်က ဘယ်ဘဝရောက်ရောက် ကျေးဇူးဆပ်သွားမယ်လို့ ဆိုပါတယ်။ စည်ဖြိုးမိခင်ရဲ့ မေတ္တာတရားက ကြီးမားသလို မိခင်အပေါ်ထားရှိတဲ့ သားရဲ့ သိတတ်မှုတွေကလည်း ချီးကျူးဖို့ကောင်းလှပါတယ်နော်။

Image may contain: 2 people, people smiling, people standing and shoes

Cele Star