သူများအိမ်ရှေ့မှာ ဓါတ်ပုံရိုက်ရင်း ပဲများနေတဲ့ သမီးလေးအကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

အနုပညာ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် သမီးလေး က သူများအိမ်ရှေ့ မှာ ဓာတ်ပုံရိုက်ရင်း ပဲများတယ်လို့ ပြောလာတဲ့ ခိုင်နှင်းဝေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။


ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေ ဓါတ်ပုံရိုက်ရင် ပဲများတတ်နေပြီ ဖြစ်တဲ့ သမီးလေး ရွန်းရတီခိုင်ရဲ့ ပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ဖော်ပြထားပါတယ်။


ခိုင်နှင်းဝေ က ” လမ်းလျှောက်တယ်.ပဲများတယ်.သူများခြံရှေ့က ပန်းပင်တွေရှေ့ ဓါတ်သွားဖမ်းတယ်..ဘယ်လိုလုပ်ကြမလဲ..” ဆိုပြီး သမီးလေးအကြောင်းကို ပြောထားပါတယ်။


ချစ်စရာကောင်းတဲ့ သမီးလေး ရွန်းရတီခိုင်


ပရိသတ်ကြီးလည်း ခိုင်နှင်းဝေ ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ရဲ့ ပုံရိပ်ကလေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ မိုမိုလေး