ကေလာျမိဳ့ေလးကေန ဗိုလ္ၾကီးကို လြမ္းေနပါမယ္ဆိုတဲ့ ဝတ္မႈံေရႊရည္

အႏုပညာ

အနုပညာေလာကမွာ ဆယ္စုနွစ္တစ္ခုေက်ာ္စာ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးေလး ဝတ္မႈံေရႊရည္က လက္ရိွအခ်ိန္ထိတိုင္ ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းထားနိုင္ဆဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္က သရုပ္ေဆာင္ေကာင္းျပီး က်ရာဇာတ္ရုပ္အတိုင္း တစ္ထပ္တည္းက်ေအာင္ သရုပ္ေဆာင္နိုင္တာေၾကာင့္ နိုင္ငံတကာက အနုပညာရွင္ေတြနဲ့ ပူးေပါင္းျပီး အနုပညာလုပ္ငန္းေတြ လုပ္ကိုင္နိုင္တာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ဝတ္မႈံေရႊရည္ရဲ့ အနုပညာေျခလွမ္းသစ္ေတြကို ေစာင့္ေမွ်ာ္အားေပးေနၾကဆဲ ျဖစ္ပါတယ္။


ဝတ္မႈံေရႊရည္က လတ္တေလာမွာေတာ့ ဒါရိုက္တာကိုေပါက္ ရိုက္ကူးပံုေဖာ္တဲ့ “အိပ္မက္ ျမစ္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပိုင္ျဖိဳးသု၊ ေမမီကိုကို၊ ေနရဲ၊ ခင္ဇာျခည္ေက်ာ္တို့နဲ့အတူတူ သရုပ္ေဆာင္ဖို့ ကေလာျမိဳ့ေလးကို ေရာက္ရိွေနတာ ျဖစ္ပါတယ္။


ဝတ္မႈံေရႊရည္က ဆံပင္တိုတိုညွပ္ထားျပီး ဂ်င္းဝမ္းဆက္ေလးဝတ္ထားေတာ့ ေယာက်ာ္ေလးတစ္ေယာက္လို စတိုင္လ္က်ေနတာကို ေတြ့ရပါတယ္။ မိုမိုေလးပရိသတ္ေတြအတြက္ ဝတ္မႈံေရႊရည္ရဲ့ ပံုရိပ္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။


ဝတ္မႈံေရႊရည္ကေတာ့ ဘယ္လိုစတိုင္လ္မ်ိဳးနဲ့မဆို လိုက္ဖက္မႈရိွျပီး သူမရဲ့ အရမ္းၾကည့္ေကာင္းတာေတြခ်ည္းပဲမို့ ပရိသတ္ေတြက ဖက္ရွင္ကြင္းေလးဆိုျပီးေတာ့ေတာင္ တင္စားၾကတာ ျဖစ္ပါတယ္။

၀တ္မႈံေရႊရည္ကေတာ့ “လြမ္းေနမယ္ ဗိုလ္ၾကီးရယ္” ဆိုျပီး စေနာက္ထားပါေသးတယ္။


ဝတ္မႈံေရႊရည္ရဲ့ ဒီပံုစံေလးက “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးထဲက သူမရဲ့ ကာရိုက္တာကိုေတာင္ သတိရသြားေစတယ္ေနာ္။ ပရိသတ္ၾကီးလည္း ဝတ္မႈံေရႊရည္ရဲ့ ပံုရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။မိုမိုေလး

Unicode

အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်စာ အောင်မြင်ခဲ့တဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က လက်ရှိအချိန်ထိတိုင် အောင်မြင်မှုအပေါင်း သရဖူဆောင်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အတိုင်း တစ်ထပ်တည်းကျအောင် သရုပ်ဆောင်နိုင်တာကြောင့် နိုင်ငံတကာက အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဝတ်မှုံရွှေရည်ရဲ့ အနုပညာခြေလှမ်းသစ်တွေကို စောင့်မျှော်အားပေးနေကြဆဲ ဖြစ်ပါတယ်။

Image may contain: 1 person, standing
ဝတ်မှုံရွှေရည်က လတ်တလောမှာတော့ ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “အိပ်မက် မြစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်ဖြိုးသု၊ မေမီကိုကို၊ နေရဲ၊ ခင်ဇာခြည်ကျော်တို့နဲ့အတူတူ သရုပ်ဆောင်ဖို့ ကလောမြို့လေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Image may contain: one or more people and indoor
ဝတ်မှုံရွှေရည်က ဆံပင်တိုတိုညှပ်ထားပြီး ဂျင်းဝမ်းဆက်လေးဝတ်ထားတော့ ယောကျာ်လေးတစ်ယောက်လို စတိုင်လ်ကျနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 1 person, sky and outdoor
ဝတ်မှုံရွှေရည်ကတော့ ဘယ်လိုစတိုင်လ်မျိုးနဲ့မဆို လိုက်ဖက်မှုရှိပြီး သူမရဲ့ အရမ်းကြည့်ကောင်းတာတွေချည်းပဲမို့ ပရိသတ်တွေက ဖက်ရှင်ကွင်းလေးဆိုပြီးတော့တောင် တင်စားကြတာ ဖြစ်ပါတယ်။

Image may contain: 1 person, standing and outdoor

ဝတ်မှုံရွှေရည်ကတော့ “လွမ်းနေမယ် ဗိုလ်ကြီးရယ်” ဆိုပြီး စနောက်ထားပါသေးတယ်။

Image may contain: sky, cloud, house and outdoor

ဝတ်မှုံရွှေရည်ရဲ့ ဒီပုံစံလေးက “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးထဲက သူမရဲ့ ကာရိုက်တာကိုတောင် သတိရသွားစေတယ်နော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး