မကြာခင်အချိန်အတွင်းမှာ ကြည့်ရှုရတော့မယ့် နေတိုးနဲ့ဖွေးဖွေးတို့ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်

အနုပညာ

နိုင်ငံကျော် ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ နေတိုးနဲ့ ဖွေးဖွေးက အားပေးသူ ပရိသတ် အခိုင်အမာ ရရှိပြီးသားသူတွေပဲ ဖြစ်ပါတယ်။ နေတိုးနဲ့ ဖွေးဖွေးက အကယ်ဒမီဆု သုံးဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပြီး ပြိုင်ဘက်ကင်း သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေဖြစ်ပေမေယ့် သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကတော့ နောက်ပိုင်းမှာ ကြဲသွားခဲ့တာ ဖြစ်ပါတယ်။

နေတိုးနဲ့ ဖွေးဖွေးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် အခု (၂၀၂၀) ခုနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားအသစ်ကြီးကို အတူတူ ရိုက်ကူးတော့မယ်လို့ 7th Sense Creation ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောထားပါတယ်။


ဖွေးဖွေးနဲ့ နေတိုးတို့ အတူတူ သရုပ်ဆောင်ခဲ့ကြတဲ့ “ကျွန်မကနှင်းဆီပါမောင်”၊ “မာယာပရောဂျက်”၊ “မုန်းစွဲ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


နေတိုးနဲ့ ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူ ရိုက်ကူးခဲ့သလို ကြော်ငြာတွေ များစွာကိုလည်း အတူတကွ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။


“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးပြီးကတည်းက နေတိုးနဲ့ ဖွေးဖွေးရဲ့ ရုပ်ရှင်တွေ မကြည့်ရတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးပါနော်။ နေတိုးနဲ့ ဖွေးဖွေးတို့ ဘယ်လိုရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးကြမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။ မိုမိုလေး