ရွှေကြိုဝင်ပြိုင်နေတဲ့ တစ်ဦးတည်းသော မောင်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မိုးယုစံ

အနုပညာ

သရုပ်ဆောင် မိုးယုစံက သူမရဲ့ တစ်ဦးတည်းသော အချစ်ဆုံး မောင်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 2 people, people smiling, people standing, sky and outdoor

Image may contain: 2 people, people standing and outdoor

မိုးယုစံဟာ အလှမယ်လောကကနေ အနုပညာထဲကို ဝင်ရောက်လာခဲ့သူတစ်ဦးပါ။ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ သူမချစ်မြတ်နိုးရတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ သားလေး ကောင်းသိင်္ဃမိုးသူကိုလည်း မွေးဖွားပိုင်ဆိုင်ထားသူပါ။

Image may contain: 2 people, people smiling, people standing, tree, sky and outdoor

မိုးယုစံက လက်ရှိအချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ဗီယက်နမ်နိုင်ငံကိုအလည်အပတ်သွားရောက်နေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ တောတောင်ပင်လယ် သဘာဝအလှတွေကြားမှာ ရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်တွေကိုလည်း မျှဝေထားပါသေးတယ်။

Image may contain: 5 people, people smiling, people standing and outdoor

Image may contain: 2 people, people smiling, flower and outdoor

Image may contain: 17 people, people smiling, people standing

မိုးယုစံက ဒီကနေ့မှာကျရောက်တဲ့ သူမရဲ့ တစ်ဦးတည်းသော မောင်လေး ဆန်းလင်းထွန်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ ဆန်းလင်းထွန်းဟာ Lose2Win Program မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အဆီတွေကို လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ 301 ပေါင်ရှိတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ဒီအစီအစဉ်လေးကနေ ပေါင် ၁၄၀ ကျော်လျှော့ချနိုင်ခဲ့ပြီး ဝင်းနားဖြစ်ခဲ့တာကြောင့် ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 3 people, people smiling, people standing

Image may contain: 1 person, sitting and food

Image may contain: 1 person, selfie, sky and outdoor

ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲသွားချိန်မှာတော့ မော်ဒယ်တစ်ဦးလိုဖြစ်သွားတဲ့ ဆန်းလင်းထွန်းဟာ အနုပညာလောကထဲကို ဝင်ရောက်ဖို့ အားသန်သူတစ်ဦးဖြစ်ပါတယ်။ ယခုလည်း အကယ်ဒမီ ရွှေကြိုတစ်ယောက်ဖြစ်ဖို့ သွားရောက်အရွေးခံနေတာဖြစ်ပါတယ်။ မိုးယုစံက ဒီကနေ့မှာကျရောက်တဲ့ သူမမောင်လေးရဲ့ မွေးနေ့ကို ယခုလိုပဲ ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 1 person, smiling, standing and outdoor

Image may contain: 1 person, smiling, standing and outdoor

“Happy birthdayမောင်လေး ဘ၀မှာ အမြဲအောင်မြင်တိုးတတ်ပီး လမ်းမှန်ကိုလျှောက်နိုင်ပါစေ မလျော့သောဇွဲနဲ့ ပြောင်းလဲနိုင်ခဲ့တာကို ဂုဏ်ယူရင်း မောင်လေးဖြစ်ချင်တာတွေဖြစ်ပါစေ ဒီ နှစ်မှာလည်း ရည်မှန်းထားတဲ့ ရွှေကြိုလည်းပါပီး အနုပညာလမ်းကိုကောင်းမွန်စွာနဲ့ လူချစ်လူခင်ပေါများပီး အခက်ခဲမရှိလျောက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်😍😍😍 အချိန်တွေကို အကျိုးမရှိပဲ အလကားမကုန်ပါစေနဲ့လို့ သတိပေးပါရ‌စေ” လို့ မောင်ဖြစ်သူရဲ့ မလျှော့သော ဇွဲလုံ့လတွေကို ဂုဏ်ယူစွာပြောပြီး မွေးနေ့ ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, selfie and closeup

လူတိုင်းနီးပါး လျှော့ချဖို့ ခက်ခဲတဲ့ ခန္ဓာကိုယ်ဝိတ်ကို မလျှော့တဲ့ ဇွဲနဲ့ လျှော့ချနိုင်ခဲ့တဲ့ ဆန်းလင်းထွန်းတစ်ယောက် သူချစ်တဲ့ အနုပညာလောကထဲကိုလျှောက်လှမ်းတဲ့အခါမှာလည်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Image may contain: 1 person, standing

Image may contain: 1 person, smiling

Cele Star