Plane From Wuhan ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ စိတ်ကူးနေတဲ့ ကျော်ကျော်ဗိုလ်

အနုပညာ

ကျော်ကျော်ဗိုလ်ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ သူတစ်ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်အရည်အချင်းမှာသာမက သဘင်လောကနဲ့ မစိမ်းတဲ့အပြင် ဟာသညဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိမ့်များတွင်လည်း ပင်တိုင်လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်က လတ်တလောမှာ ဖြစ်ပွားနေတဲ့ ဝူဟန် ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး ဟာသလေးနှောက သူ့ရဲ့လူမှုကွန်ရက်စာမျက်နာထက်ကနေ ဖော်ပြလိုက်ပါတယ်။အဲ့ဒါကတော့ “Train to Busan လိုမျိုး Plane From Wuhan ဆိုပြီး ရုပ်ရှင်ရိုက်ရမယ်” လို့ အရွှန်းဖောက်ကာစနောက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ “Train to Busan” ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပြီး အာရှနိုင်ငံတော်တော်များများအထိပါအောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။

“Train to Busan”ရုပ်ရှင်ဇာတ်ကားကိုတော့ ပရိသတ်တွေတော်တော်များများလည်း ကြည့်ရှုခဲ့ဖူးမယ် ထင်ပါတယ်။ပရိသတ်ကြီး ကိုရီးယားနိုင်ငံမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ “Train To Busan”လိုရုပ်ရှင်ဇာတ်ကားမျိုး “Plane From Wuhan”ဆိုပြီး ရိုက်ရင်အားပေးကြမှာလား ပရိသတ်ကြီးတွေရဲ့ ဆန္ဒလေးတွေကို ပြောသွားပေးခဲ့ကြပါဦး။