မြန်မာဆန်ဆန်လေးဝတ်ထားလို့ သိပ်များယဉ်ကျေးသွားသလားလို့ မေးလာတဲ့ ခြူးလေး

အနုပညာ

MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေကနေ လူသိများ ကျော်ကြားလာခဲ့တဲ့ မင်းသမီးလေး ခြူးလေးကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ခြူးလေးက နေအဉ္ဇာရာဆိုတဲ့ နာမည်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပေမယ့် “ပန်းနုသွေး” ဇာတ်လမ်းတွဲထဲက နာမည်ကြောင့် ခြူးလေးလို့ အမည်တွင်လာတာပဲ ဖြစ်ပါတယ်။

ခြူးလေးက လတ်တလောမှာ ဇာတ်လမ်းတွဲ၊ ကြော်ငြာတွေကို ရိုက်ကူးပေးနေသလို သူမကို ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ဂုဏ်ပြုပေးနေတာကို တွေ့ရပါတယ်။ ခြူးလေးက ပြီးခဲ့တဲ့ ရက်ပိုင်းက “သောင်းတိုက်ကြားက ကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show အခမ်းအနားကို တက်ရောက်ပေးခဲ့ပါတယ်။

ခြူးလေးက ထိုပွဲလေးကို မြန်မာဆန်ဆန်လေးဝတ်လာပြီး ” သိပ်များ ယဉ်ကျေးသွားသလားကွယ်” ဆိုပြီး သူမရဲ့ ပရိသတ်တွေကို ချစ်စနိုးလေး မေးထားပါတယ်။ ခြူးလေးကတော့ ခေတ်ဆန်ဆန်လေးတွေဝတ်ရင် လှသလို၊ မြန်မာဆန်ဆန်လေးဝတ်ရင်လည်း အရမ်းကျက်သရေရှိတာကို တွေ့ရပါတယ်။

1c0cc5e89d8f5181facbe22b47a9242c.jpg (327×500)

4fec15cfd1d05b9c84140ced1c45eefe.jpg (333×500)

Source: Chue Lay’s fb
#MoMoLay