ဆွစ်ဇာလန်က ရေခဲတောင်ကြီးပေါ်မှာ နှင်းလျှော်စီးခဲ့တဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ ဝတ်မှုံရွှေရည်

အနုပညာ

ဆယ်ကျော်သက်အရွယ်က ရိုက်ကူးခဲ့တဲ့ အိမ်သုတ်ဆေးကြော်ငြာမှာကတည်းက ပရိသတ်တွေချစ်ခဲ့ရတဲ့ ဝတ်မှုံရွှေရည်က အခုဆိုရင် အသက် (၃၁) နှစ်တောင် ရှိနေပြီ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုဆိုရင် အနုပညာလောကမှာ ရပ်တည်နေတာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်ပြီး အောင်မြင်မှုတွေကိုသာ တိုးပွားရရှိလာတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီး နှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီး လာမယ့် အကယ်ဒမီဆုပေးပွဲမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိနိုင်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ နှစ်သစ်ကူးအချိန်သမယမှာတော့ အနောက်ဥရောပနိုင်ငံတွေဆီ သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ဆွစ်ဇာလန်၊ ပြင်သစ်စတဲ့ နာမည်ကြီးနေရာတွေမှာ ပျော်ရွှင်စွာ လျှောက်လည်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က ဆွစ်ဇာလန်နိုင်ငံ grindelwald ဆိုတဲ့ မြို့လေးမှာ နှင်းလျှောစီးခဲ့ပါသေးတယ်။ ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “အိပ်မက် မြစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်ဖြိုးသု၊ မေမီကိုကို၊ နေရဲ၊ ခင်ဇာခြည်ကျော်တို့နဲ့အတူတူ သရုပ်ဆောင်ဖို့ ကလောမြို့လေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

မင်းသမီးဝတ်မှုံရွှေရည်ရဲ့ ဆွစ်ဇာလန်ခရီးစဉ်ကတော့ အတွေ့အကြုံသစ်တွေနဲ့ အရမ်းပျော်ဖို့ကောင်းခဲ့မှာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိနပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

momolay