ရွှေစက်တော်ဖွင့်ပွဲကို အက်စတာဒေါ့သ်ချင်းဆုန်နဲ့အတူတူ သွားရောက်ဖျော်ဖြေခဲ့တဲ့ အေးမြဖြူ

အနုပညာ

Myanmar Idol Season 4 ရဲ့ Top (3) ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူက Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ခဲ့သူလေးတစ်ယောက် ဖြစ်ပါတယ်။ အေးမြဖြူက ပြိုင်ပွဲကြီးပြီးသွားပေမယ့် မြန်မာနိုင်ငံ အနှံ့အပြားမှာ စတိတ်ရှိုးတွေ လက်မလည်အောင် ဖျော်ဖြေပေးနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးမြဖြူရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို အားပေးကြပါတယ်။


အေးမြဖြူက လက်ရှိမှာတော့ ရွှေစက်တော်ဖွင့်ပွဲကို ဖျော်ဖြေဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အေးမြဖြူနဲ့အတူတူ အက်စတာဒေါ့ချင်းဆုန်ကလည်း ဖျော်ဖြေပေးတာ ဖြစ်ပါတယ်။

အေးမြဖြူကတော့ ချစ်စရာကောင်းပြီး သီချင်းဆိုလည်း ကောင်းမွန်တာကြောင့် နယ်ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ပြီး ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရတာ ဖြစ်ပါတယ်။


အေးမြဖြူက မကြာခင်မှာလည်း ဒါရိုက်တာဏကြီး ရိုက်ကူးပုံဖော်တဲ့ “ချစ်ခင်စမှော်ရုံမှာလေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒေါင်း၊ ပိုင်ဖြိုးသု၊ မိုးဟေကိုတို့နဲ့အတူတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


အေးမြဖြူကတော့ ရိုးသားဖြူစင်ပြီး တကယ့် ကလေးလေးလိုပဲနော်။ ပရိသတ်ကြီးလည်း အေးမြဖြူရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်