ေမသန္းႏုအမႈအတြက္ ေလ်ာ္ေၾကးေငြ အဆင္သင့္ ရွာေဖြၿပီးၿပီဆိုတဲ့ စင္ေရာ္ေမာင္ေမာင္

အႏုပညာ

ႀကီးက်ယ္ခမ္းနားတဲ့ မဂၤလာပြဲအေၾကာင္းကို လူတိုင္း သေဘာက်ေအာင္ ခ်စ္ေမတၱာဖြဲ႕ေတြ ထည့္ၿပီး သတင္းေပါက္ေအာင္ ေရးေနၾကေပမဲ့ လက္ေတြ႕ဘဝရဲ႕ အခ်စ္စစ္ကိုေတာ့ မီဒီယာေတြက ဥေပကၡာ ျပဳထားၾကပါတယ္။ ေလာကဓံ ရွစ္ပါးနဲ႔ ရင္ဆိုင္ရတဲ့ အခါ ေဘးနားမွာ မားမားမတ္မတ္ ရပ္တည္ေပးၿပီး ကိုယ္ေရာစိတ္ပါ ဂ႐ုစိုက္သူကသာ ကိုယ့္အေပၚ အခ်စ္ရဆုံးသူ ဆိုတာကိုေတာ့ အားလုံး နားလည္ထားေစခ်င္ပါတယ္။

အရင္တုန္းက မိသားစု အေျခအေန ဘယ္လိုပင္ ရွိခဲ့ေပမဲ့ သားျဖစ္သူ ခံစားေနရတဲ့ အပူအပင္ေတြကို မၾကည့္ရက္ေတာ့လို႔ မိသားစု ဂုဏ္သိကၡာအတြက္ အစြမ္းကုန္ ႀကိဳးစားေနသူက စင္ေရာ္ေမာင္ေမာင္ ျဖစ္ပါတယ္။ မာနေတြ အကုန္ခ်ိဳးႏွိမ္ၿပီး ဇနီးသည္ မဆင့္ အမႈအတြက္ ေလ်ာ္ေၾကးေငြ အကုန္ ေပးေခ်ႏိုင္ေအာင္ ႀကိဳးစား ေဆာင္႐ြက္ၿပီး ျဖစ္တဲ့ စင္ေရာ္ေမာင္ေမာင္ရဲ႕ ခ်စ္ျခင္းကိုေတာ့ ခုလိုမ်ိဳး ျမင္ေတြ႕ရတာ ျဖစ္ပါတယ္။

“အက်ပ္အတည္း အခက္အခဲ မ်ား ရင္ဆိုင္ႀကဳံေတြ႕ ျဖတ္သန္းေနရေသာ အခ်ိန္တြင္ မိမိ ဘဝ၏ အေရးပါေသာ မိတ္ေဆြေကာင္းမ်ား သည္ ေႏြးေထြးစြာျဖင့္ ႀကိဳဆိုကမ္းလွမ္းျခင္း ၊ ေစာင့္ေရွာက္ေပးျခင္း၊ ႏူတ္၏ေဆာင္ျခင္း စိတ္၏ေဆာင္မျခင္းမ်ား ျဖင့္ ကူညီျခင္းမ်ားရွိပါသည္။ ထို႔အျပင္ မိမိ၏ မိသားစုအား အထင္အျမင္လြဲျခင္း အေတြ႕မခံလိုျခင္း ၊ ႐ိုး႐ိုးတန္းတန္း ႏူတ္ဆက္ခင္မင္ေနသည္ကိုလည္း အကူအညီ ေပးရမည္ ထင္ၿပီး ေရွာင္လႊဲျခင္း ဆိုးတူေကာင္းဖက္မိတ္ေဆြရင္းမ်ား ထြက္ခြါသြားျခင္း တို႔ကိုႀကဳံခဲ့ရပါသည္။ သို႔ေသာ္လည္း ဒါကို မိမိတို႔ ၏အတိတ္ကံ ဟုသာမွတ္ယူထားၿပီး ႀကံ့ႀကံ့ခံရင္ဆိုင္လ်က္ရွိပါသည္။”

“Media မ်ားတြင္ထင္ေပၚေက်ာ္ၾကားလိုေသာသူမ်ားေၾကာင့္လဲ သား၏မိခင္အေပၚ အထင္လြဲ အထင္ေသးျခင္းမ်ားလဲ ျဖစ္ေပၚလ်က္ရွိပါသည္။ သား၏မိခင္မွာ အမွားက်ဴးလြန္သည္ မွန္ေသာ္လည္း ယခု ျဖစ္ေပၚေနေသာ သတင္းမ်ားအားလုံး အတိုင္းမဟုတ္ပါ။ အယုံလြယ္ျခင္း၊ စီးပြါးေရး အေတြ႕အႀကဳံ အားနည္းျခင္း၊ လက္မွတ္အလြယ္တကူ ထိုးေပးျခင္း ၊ ၁၀/၂၀/၃၀ တိုးျဖင့္ေငြေခ်း ယူျခင္း တို႔ကို ေဆာင္႐ြက္ရင္းျဖင့္ ႏြံနစ္သြားခဲ့ျခင္း ျဖစ္ပါသည္။သို႔ပါ၍ ခိုင္မာေသာ ဥပေဒပ ညာ ရွင္ မ်ား ျဖင့္ အမူအခင္းကို ေျဖရွင္းေနပါသည္။ ရန္ ကင္း တ ရား ႐ုံး တြင္ ျဖစ္ ပြား ခဲ့ ေသာ အမူ နဲ႔ ပတ္ သက္ ၍ (ေပးေလ်ာ္ ရန္ အ ဆင္ သင့္ ျဖစ္ ေန ၿပီ ျဖစ္ ပါ သည္)အျခားကိစၥမ်ားကိုလဲ ဥပေဒေဘာင္အတြင္းမွ အျမန္ဆုံး စီဥ္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။”

Image may contain: 1 person, smiling, eyeglasses, closeup and indoor

“အကြက္ဆင္၍ မမွန္မကန္ေသာသက္ေသမ်ားျဖင့္ အမူဖန္တီးလ်က္ရွိေသာ ကိစၥမ်ားကိုလည္း ဥပေဒေဘာင္အတြင္းမွ ခုခံကာကြယ္သြားမည္ ျဖစ္ပါသည္။ ယခုကိစၥမွာလဲ မိခင္အတြက္ အပူမီးေတာက္ေလာင္ေန သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ ၏ ေသာက ကို မၾကည့္ရက္သျဖင့္ ဖခင္ တေယာက္အေနျဖင့္ ေဆာင္႐ြက္ရျခင္းျဖစ္ၿပီး မည္သည့္အေၾကာင္းအရာ ကိစၥမွမပါဝင္ေၾကာင္းကိုလဲ ႐ိုးသားစြာဝန္ခံပါသည္။ မဆင့္ကိစၥတြင္ ခံစားခဲ့ရေသာ နစ္နားသူမ်ားကိုလဲ ေတာင္းပန္ၿပီး ျဖစ္ပါတယ္။ကြၽန္ေတာ္တတ္ႏိုင္သေလာက္ ပစၥည္းမ်ားထုခြဲေရာင္းခ်၍ေသာ္ လည္းေကာင္း မိတ္ေဆြအေပါင္းအသင္းမ်ားထံမွ အကူအညီ မ်ားျဖင့္လည္းေကာင္း ၎ကိစၥ မ်ားကို ေျဖရွင္းလ်က္ရွိပါသည္။ ကြၽန္ေတာ္ ၊ မင္းသန႔္ေမာင္ေမာင္ႏွင့္ မဆင့္တို႔အေပၚတြင္လည္း နားလည္ေပးပါရန္လည္း ေမတၱာရပ္ခံအပ္ပါသည္။”

Image may contain: 6 people, people smiling, people standing, suit and indoor

“အမွားမ်ားကိုလဲ အျမန္ဆုံးျပဳျပင္ႏိုင္ၿပီး ျပည္သူခ်စ္ေသာ အႏုပညာရွင္တစ္ဦးအျဖစ္ ျပန္လည္ထြန္းေတာက္လာပါေစေၾကာင္းမဆင့္အတြက္ ကြၽန္ေတာ္ ဆုမြန္ေကာင္းေတာင္းလ်က္ အျမန္ဆုံး ေျဖရွင္းေဆာင္႐ြက္ေနပါတယ္ ခင္ဗ်ာ” ဆိုၿပီး ပရိသတ္ႀကီးအတြက္ ႐ိုေသေလးစားစြာ စင္ေရာ္ေမာင္ေမာင္က သတင္းေကာင္း ေပးထားတာ ျဖစ္ပါတယ္။ပရိသတ္ေတြ အေနနဲ႔လည္း မဟုတ္မမွန္ သတင္းစကားေတြကို မယုံၾကည္ဘဲ ကာယကံရွင္ မိသားစုရဲ႕ သတင္းစကားကိုသာ ဂ႐ုတစိုက္ နားေထာင္ျခင္းျဖင့္ အထင္ျမင္ေတြ မလြဲေစဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။ ျပည္သူခ်စ္ အႏုပညာရွင္တစ္ေယာက္ မဆုံးရႈံးရေစဖို႔ ဒီပို႔စ္ေလးကို SHARE ၿပီး ေမသန္းႏုအေပၚ ခ်စ္ျခင္းတရားကို တူတူ ျပလိုက္ရေအာင္။

Unicode

ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲအကြောင်းကို လူတိုင်း သဘောကျအောင် ချစ်မေတ္တာဖွဲ့တွေ ထည့်ပြီး သတင်းပေါက်အောင် ရေးနေကြပေမဲ့ လက်တွေ့ဘဝရဲ့ အချစ်စစ်ကိုတော့ မီဒီယာတွေက ဥပေက္ခာ ပြုထားကြပါတယ်။ လောကဓံ ရှစ်ပါးနဲ့ ရင်ဆိုင်ရတဲ့ အခါ ဘေးနားမှာ မားမားမတ်မတ် ရပ်တည်ပေးပြီး ကိုယ်ရောစိတ်ပါ ဂရုစိုက်သူကသာ ကိုယ့်အပေါ် အချစ်ရဆုံးသူ ဆိုတာကိုတော့ အားလုံး နားလည်ထားစေချင်ပါတယ်။

Image may contain: 2 people, people smiling, people standing, mountain, sky, outdoor and nature

အရင်တုန်းက မိသားစု အခြေအနေ ဘယ်လိုပင် ရှိခဲ့ပေမဲ့ သားဖြစ်သူ ခံစားနေရတဲ့ အပူအပင်တွေကို မကြည့်ရက်တော့လို့ မိသားစု ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားနေသူက စင်ရော်မောင်မောင် ဖြစ်ပါတယ်။ မာနတွေ အကုန်ချိုးနှိမ်ပြီး ဇနီးသည် မဆင့် အမှုအတွက် လျော်ကြေးငွေ အကုန် ပေးချေနိုင်အောင် ကြိုးစား ဆောင်ရွက်ပြီး ဖြစ်တဲ့ စင်ရော်မောင်မောင်ရဲ့ ချစ်ခြင်းကိုတော့ ခုလိုမျိုး မြင်တွေ့ရတာ ဖြစ်ပါတယ်။

Image may contain: 2 people, people standing and suit

“အကျပ်အတည်း အခက်အခဲ များ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းနေရသော အချိန်တွင် မိမိ ဘဝ၏ အရေးပါသော မိတ်ဆွေကောင်းများ သည် နွေးထွေးစွာဖြင့် ကြိုဆိုကမ်းလှမ်းခြင်း ၊ စောင့်ရှောက်ပေးခြင်း၊ နူတ်၏ဆောင်ခြင်း စိတ်၏ဆောင်မခြင်းများ ဖြင့် ကူညီခြင်းများရှိပါသည်။ ထို့အပြင် မိမိ၏ မိသားစုအား အထင်အမြင်လွဲခြင်း အတွေ့မခံလိုခြင်း ၊ ရိုးရိုးတန်းတန်း နူတ်ဆက်ခင်မင်နေသည်ကိုလည်း အကူအညီ ပေးရမည် ထင်ပြီး ရှောင်လွှဲခြင်း ဆိုးတူကောင်းဖက်မိတ်ဆွေရင်းများ ထွက်ခွါသွားခြင်း တို့ကိုကြုံခဲ့ရပါသည်။ သို့သော်လည်း ဒါကို မိမိတို့ ၏အတိတ်ကံ ဟုသာမှတ်ယူထားပြီး ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါသည်။”

“Media များတွင်ထင်ပေါ်ကျော်ကြားလိုသောသူများကြောင့်လဲ သား၏မိခင်အပေါ် အထင်လွဲ အထင်သေးခြင်းများလဲ ဖြစ်ပေါ်လျက်ရှိပါသည်။ သား၏မိခင်မှာ အမှားကျူးလွန်သည် မှန်သော်လည်း ယခု ဖြစ်ပေါ်နေသော သတင်းများအားလုံး အတိုင်းမဟုတ်ပါ။ အယုံလွယ်ခြင်း၊ စီးပွါးရေး အတွေ့အကြုံ အားနည်းခြင်း၊ လက်မှတ်အလွယ်တကူ ထိုးပေးခြင်း ၊ ၁၀/၂၀/၃၀ တိုးဖြင့်ငွေချေး ယူခြင်း တို့ကို ဆောင်ရွက်ရင်းဖြင့် နွံနစ်သွားခဲ့ခြင်း ဖြစ်ပါသည်။သို့ပါ၍ ခိုင်မာသော ဥပဒေပ ညာ ရှင် များ ဖြင့် အမူအခင်းကို ဖြေရှင်းနေပါသည်။ ရန် ကင်း တ ရား ရုံး တွင် ဖြစ် ပွား ခဲ့ သော အမူ နဲ့ ပတ် သက် ၍ (ပေးလျော် ရန် အ ဆင် သင့် ဖြစ် နေ ပြီ ဖြစ် ပါ သည်)အခြားကိစ္စများကိုလဲ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး စီဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”

Image may contain: 2 people, people smiling

“အကွက်ဆင်၍ မမှန်မကန်သောသက်သေများဖြင့် အမူဖန်တီးလျက်ရှိသော ကိစ္စများကိုလည်း ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည် ဖြစ်ပါသည်။ ယခုကိစ္စမှာလဲ မိခင်အတွက် အပူမီးတောက်လောင်နေ သားဖြစ်သူ မင်းသန့်မောင်မောင် ၏ သောက ကို မကြည့်ရက်သဖြင့် ဖခင် တယောက်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ ကိစ္စမှမပါဝင်ကြောင်းကိုလဲ ရိုးသားစွာဝန်ခံပါသည်။ မဆင့်ကိစ္စတွင် ခံစားခဲ့ရသော နစ်နားသူများကိုလဲ တောင်းပန်ပြီး ဖြစ်ပါတယ်။ကျွန်တော်တတ်နိုင်သလောက် ပစ္စည်းများထုခွဲရောင်းချ၍သော် လည်းကောင်း မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီ များဖြင့်လည်းကောင်း ၎င်းကိစ္စ များကို ဖြေရှင်းလျက်ရှိပါသည်။ ကျွန်တော် ၊ မင်းသန့်မောင်မောင်နှင့် မဆင့်တို့အပေါ်တွင်လည်း နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။”

Image may contain: 4 people, people smiling, people standing

“အမှားများကိုလဲ အမြန်ဆုံးပြုပြင်နိုင်ပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ဦးအဖြစ် ပြန်လည်ထွန်းတောက်လာပါစေကြောင်းမဆင့်အတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းလျက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နေပါတယ် ခင်ဗျာ” ဆိုပြီး ပရိသတ်ကြီးအတွက် ရိုသေလေးစားစွာ စင်ရော်မောင်မောင်က သတင်းကောင်း ပေးထားတာ ဖြစ်ပါတယ်။ပရိသတ်တွေ အနေနဲ့လည်း မဟုတ်မမှန် သတင်းစကားတွေကို မယုံကြည်ဘဲ ကာယကံရှင် မိသားစုရဲ့ သတင်းစကားကိုသာ ဂရုတစိုက် နားထောင်ခြင်းဖြင့် အထင်မြင်တွေ မလွဲစေဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူချစ် အနုပညာရှင်တစ်ယောက် မဆုံးရှုံးရစေဖို့ ဒီပို့စ်လေးကို SHARE ပြီး မေသန်းနုအပေါ် ချစ်ခြင်းတရားကို တူတူ ပြလိုက်ရအောင်။