မျက်ကြည်လွှာနဲ့ Dead Bodyကို လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

အနုပညာ



Image may contain: 1 person, smiling, standing


Image may contain: 1 person, smiling, standing and outdoor

Image may contain: 1 person, smiling, outdoor


Unicode

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လွန်ခဲ့တဲ့ မွေးနေ့လေးတုန်းက မွေးနေ့အလှူအနေနဲ့ “ပြည်ထောင်စု သမ္မတနိုင်ငံတော်အစိုးရ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၁) ရန်ကုန်”မှာ သေဆုံးပြီးနောက် ကျန်ရှိတဲ့ ခန္ဓာကိုယ်ကို ဆေးပညာအကျိုးအတွက် သင်ကြားရေးကိစ္စရပ်များတွင် အသုံးပြုရန် သွားရောက်လှူဒါန်းခဲ့ပါတယ်။

Image may contain: 1 person, standing

ရွှေပိုးအိမ်ကတော့ သေဆုံးပြီးနောက် ကျန်ရှိခဲ့တဲ့ ခန္ဓာကိုယ်ကို လှူဒါန်းတဲ့အလှူလေးအပြင် မျက်ကြည်လွှာကိုလည်း လှူဒါန်းခဲ့ပါတယ်။ရွှေပိုးအိမ်နဲ့အတူ သူ့ကို အားပေးပြီး ချစ်ခင်ကြတဲ့ အမာခံပရိသတ်တချို့ကလည်း မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်အလှူလေးကို အတူတကွ လှူဒါန်းခဲ့ကြပါသေးတယ်။

Image may contain: 2 people, people smiling, people standing and outdoor

အခုလို အလှူပြုလုပ်ဖြစ်တဲ့ အကြောင်းကို ရွှေပိုးအိမ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လွန်ခဲ့တဲ့ မွေးနေ့က မျက်ကြည်လွှာရယ် dead body ရယ်ကို We love တွေရော ရွှေပိုးပါလှူဒါန်းခဲ့ပါတယ်” ဆိုပြီး ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Image may contain: 1 person

ပရိသတ်တွေကတော့ အခုလို ရွှေပိုးတစ်ယောက်ရဲ့ တစ်ဘဝမှာတစ်ကြိမ်သာလှူခွင့်ရှိတဲ့ မွန်မြတ်လှတဲ့ အလှူအတွက်ကို သာဓုခေါ်ဆိုနေကြပါသေးတယ်။ပရိသတ်ကြီး ရွှေပိုးကတော့ တစ်သက်မှာတစ်ခါလှူခွင့်ရတဲ့ အလှူကို လှူဒါန်းလိုက်တဲ့ စိတ်ထားလေးကတော့ မွန်မြတ်လွန်းပြီး လေးစာစရာပါပဲ။