ဝူဟန်သံသယရှိသူ ဝေဘာဂီဆေးရုံကိုရောက်သွားရင် ပိုမဆိုးကုန်ဘူးလားလို့ မေးခွန်းထုတ်လိုက်တဲ့ အေသင်ချိုဆွေ

အနုပညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ဝူဟန်ဗိုင်းရပ်စ်ကို နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝူဟန်ဗိုင်းရပ်စ်သံသယရှိသူတစ်ယောက်ကို တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ထိုခရီးသည်ဟာ တရုတ်တောင်ပိုင်း လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာပြီး ဝူဟန်ဗိုင်းရပ်စ်သံသယရှိရတာမို့ ရန်ကုန် ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။


ဝူဟန်ဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်ရှိလာပြီလားဆိုတဲ့ စိတ်နဲ့ မြန်မာတစ်နိုင်ငံလုံးက စိုးရိမ်ထိတ်လန့်နေကြတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပက်သတ်ပြီး နိုင်ငံကျော် တေးသံရှင် အေသင်ချိုဆွေက သူမရဲ့ အမြင်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။


“ဝူဟန်ရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသား ကျောင်းသားတွေကို ပြန်သွားခေါ်ဖို့ အတွက်ကျ နေ့ရွှေ့ ညရွှေ့နဲ့၊ 😩😩 ဟင် ….. 😠😡😡 ကိုယ့်မြန်မာလူမျိုးအချင်းချင်း ဖေးမမှုမရှိပဲ အတ္တကြီးစွာနဲ့ ပြန်မလာနဲ့ဘာညာနဲ့ ဆစရက ကောမန့်တွေ ကရှိသေးတယ်။ 🤬🤬”


” အခုကျတော့ China southern airline လေယာဉ်ကြီး အစင်းလိုက်ကို ရက်ရက်ရောရော ကို ပေးဝင်လိုက်ကြတာ။ အဲ့လိုပါဆို……🤣🤣 တကယ်ဆို ရောဂါပိုး သံသယရှိရင် တရုတ်နိုင်ငံသားလဲဖြစ်တယ်ဆို အဝင်မခံပဲလေယာဉ်နဲ့ ပြန်ထည့်ပေးလိုက်ရမာဟုတ်ဘူးလား😠😠”


“လူနာကိုတောင် ဝေဘာဂီဆေးရုံပို့တယ်တဲ့။ ဝေဘာဂီဆေးရုံမှာရှိတဲ့လူနာတွေက ကိုယ်ခံအားကျဆင်းတဲ့အားနည်းနေတဲ့ သူတွေလေ။ ပိုဆိုးကုန်မှာမဟုတ်ဘူးလား။😱😱 လိုက်မမှီတော့ဘူးကွယ် 😩 ဆိုက်ကားလေးနဲ့ပတ်ခေါ်ပြီး နည်းနည်းလောက်ရှင်းပြကြပါ ကျွန်မကို” ဆိုပြီး ပြောလာပါတယ်။


ဝူဟန်ဗိုင်းရပ်စ်က အခုဆိုရင် နိုင်ငံပေါင်း (၂၂) နိုင်ငံထိ ပျံ့နှံ့နေပြီဖြစ်ပြီး သေဆုံးသူ၊ ကူးစက်သူ အရေအတွက်ကလည်း တစ်နေ့တစ်ခြား များပြားလာပြီပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း သတိရှိကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။ မိုမိုလေး