ရုပ်ရှင်ရိုက်ရင်း နမ္မတူဒေသကပြည်သူတွေကို စောင်နဲ့ အသုံးအဆောင်တွေလှူဒါန်းခဲ့တဲ့ နေတိုး

အနုပညာ

နိုင်ငံကျော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ပေမယ့် အပြင်မှာတော့ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာ ဖြစ်ပါတယ်။ နေတိုးကလည်း အခုချိန်ထိ နာမည်ပျက်လုံးဝမရှိပဲ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။


နေတိုးက လက်ရှိမှာတော့ “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ရှိ နမ္မတူမြို့လေးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။


နေတိုးက နမ္မတူမှာ ရုပ်ရှင်ရိုက်ကူးရင်း နမ္မတူဒေသက ပြည်သူတွေကို ခြုံစောင်၊ ဖိနပ်နဲ့ အခြားသော အသုံးအဆောင်ပစ္စည်းတွေ များစွာကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။


နေတိုးက သူ့ရဲ့ တစ်နေ့တာကို ” ရိုက်ကူး​ရေးမပြုလုပ်မှီ အချိန်တစ်ခုမှရိုက်ကူး​ရေးပြုလုပ်ပြီးအ​ချိန်တစ်ခုအတွင်း​ဒေသခံများအား ဒါနကုသိုလ် ပြုလုပ်ခြင်းနဲ့ ရိုက်ကူး​ရေးပြီးဆုံးခြင်းအမှတ်တရများ🎞📸🚂” ဆိုပြီး ပရိသတ်တွေအတွက် မျှဝေထားပါတယ်။


“ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးက အာရှနိုင်ငံ (၄) နိုင်ငံ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး မြန်မာသရုပ်ဆောင်များအနေနဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်နဲ့ အေးမြတ်သူတို့က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

နေတိုးရဲ့ အလှူလေးကတော့ ပကာသနတွေမပါရှိပဲ တကယ်အသုံးတည့်မယ့် ပစ္စည်းတွေချည်းပဲနော်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။