ကျန်းမာရေးမှတာဝန်ရှိသူများ တစ်ရက်(၂)ကြိမ်virusအခြေအနေကြေညာပေးပါလို့ တောင်းဆိုလိုက်တဲ့ လွင်မိုး

အနုပညာ

နိုင်ငံကျော်သရုပ်ဆောင် မင်းသားကြီး လွင်မိုးကတော့ လတ်တလောမှာ ပြည့်သူတွေစိုးရိမ်နေကြတဲ့ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိနေတဲ့ လူနာ မြန်မာ့လေဆိပ်မှာတွေ့ရှိခဲ့ရတဲ့အပေါ်မှာ “ “တခွန်တည်းပြောမယ်” ကျန်းမာရေးမှတာဝန်ရှိသူများ တစ်ရက်(၂)ကြိမ်virusအခြေအနေကြေညာပေးပါ” လို့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Image may contain: one or more people and closeup

Image may contain: 1 person

တရုတ်နိုင်ငံ ဝူဟန်မြို့နယ်ကနေစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာတစ်လွှမ်းကို တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ဖြစ်တဲ့ ယနေ့ မနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာတဲ့ ဝူဟန်မြို့က တရုတ်အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတယ်လို့ သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားရှိတာဖြစ်ပါတယ်။

Image may contain: 1 person, closeup

လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည်တွေထဲမှာမှ မြန်မာနိုင်ငံသား ၂ ဦးကိုသာလျှင် ပြန်ခေါ်ထားမည်ဖြစ်ပြီး ကျန်ခရီးသည်များအားလုံးကို ထိုလေယာဉ်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။ အခုလိုအခြေအနေတွေကြောင့် ပြည်သူတွေမှစိုးရိမ်နေကြတာဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးမှလည်း ပြည်သူတွေစိုးရိမ်နေတဲ့ ဗိုင်းရပ်စ်အခြေအနေကို တစ်ရက်(၂)ကြိမ်လောက် ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသားကြီး လွင်မိုးကတော့ ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိနေတဲ့ လူနာ မြန်မာ့လေဆိပ်မှာတွေ့ရှိခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကျန်မာရေးမှတာဝန်ရှိသူများကို ဗိုင်းရပ်စ်အခြေအနေကို တစ်ရက်(၂)ကြိမ်လောက် ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။

Image may contain: 1 person, smiling, standing, sky, mountain, outdoor and nature