ရေသန့်လိုက်ပို့တဲ့ အလုပ်သမားလေး အဖြစ် မြင်တွေ့ရတဲ့ ဖြိုးမြတ်အောင်

အနုပညာ

Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ရေသန့်ပို့တဲ့ ကောင်လေး အသွင်နဲ့ ဖြိုးမြတ်အောင် ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်


ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကစက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအခွေ သင့်အတွက် မနက်ဖြန် solo album ကလည်းပရိသတ်တွေအရမ်းကို အားပေးခဲ့ကြတာတွေ့ရပါတယ်။


ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က သူရဲ့ အသစ်ထွက်ရှိမယ့် သီချင်း MV အတွက် ရိုက်ကူးရေးလုပ်နေတာဖြစ်ပါတယ်။


ဖြိုးမြတ်အောင် က ရေသန့်လိုက်ပို့တဲ့ အလုပ်သမားကောင်လေး အဖြစ် သရုပ်ဆောင် ရိုက်ကူးနေတာပါ။


သီချင်း MV အတွက် ရိုက်ကူးရေးလုပ်နေတဲ့ ဖြိုးမြတ်အောင် ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး