ဒါ႐ိုက္တာဏႀကီးနဲ႔ပိုင္ၿဖိဳးသုတို႔ကေတာ့ မီေမာင္ႏွံဆိုၿပီးပရိသတ္ေတြအားက်ခ်စ္ခင္ရတဲ့ စုံတြဲတစ္တြဲျဖစ္တဲ့အျပင္ မီဇာတ္ကားႀကီးနဲ႔လည္း ျပည္သူေတြကေပးအပ္တဲ့ ျပည္သူ႔အကယ္ဒမီဆုကို ရရွိထားပါေသးတယ္။ဒါ့အျပင္ သုသုကေတာ့ သူတို႔ႏွစ္ဦးရဲ႕တစ္ေန႔တာလႈပ္ရွားမႈေလးေတြနဲ႔ ေျပာစကားေလးေတြကိုလည္း ပရိသတ္ေတြကိုခ်စ္စဖြယ္မွ်ေဝေပးေလ့ရွိတာေၾကာင့္လည္း ပရိသတ္ေတြကေတာ့ တိုးတိုးၿပီး အခ်စ္ပိုလာခဲ့ရတာပဲျဖစ္ပါတယ္။
သုသုကေတာ့ အစစအရာရာျပည့္စုံေအာင္ဂ႐ုစိုက္ၿပီး အားကိုးလို႔ရတဲ့ခင္ပြန္းျဖစ္သူကို ပိုင္ဆိုင္ထားၿပီး သူအႏိုင္က်င့္သမွ်ခံတဲ့ ဦးေရခဲႀကီးအေၾကာင္းကို ေပ်ာ္႐ႊင္စြာ မွ်ေဝေပးေလ့ရွိသူပါ။ဒီတစ္ေခါက္မွာလည္း သုသုမွ်ေဝေပးခဲ့တာတစ္ခုေၾကာင့္ ပရိသတ္ေတြကေတာ့ ပြဲက်ေနခဲ့တာပါ။အဲ့ဒါကေတာ့ အားတီရဲ႕သီခ်င္းေလးနဲ႔အတူ “ကို Ar T ႀကီးကို ဒီသီခ်င္းေလးအတြက္ တကယ္ေက်းဇူးတင္တယ္.. ဦးေရခဲႀကီးကိုေနာက္ခ်င္တိုင္း ဟူး..နင္ ငါ့ကိုမခ်စ္ဘူး.. ဆိုၿပီး ကိုယ့္အသံဆိုးႀကီးနဲ႔ ထထေအာ္လိုက္တိုင္း ဦးေရခဲတစ္ေယာက္လန႔္လန႔္ၿပီး ‘ဟင္ ကြၽန္ေတာ္ဘာလုပ္မိလို႔လဲ’ ဆိုၿပီးအလန႔္တၾကားေမးရင္ အေသရယ္ရတယ္” ဆိုၿပီးေရးသားခဲ့တာပါ။
အားတီရဲ႕ နင္ငါ့ကိုမခ်စ္ဘူး သီခ်င္းေလးကေတာ့ မထြက္ခင္ကတည္းက ပရိသတ္စိတ္ဝင္စားမႈအျပည့္အဝရရွိခဲ့တာျဖစ္ၿပီး အႏုပညာရွင္အသိုင္းအဝိုင္းမွာလည္း သီခ်င္းေခါင္းစဥ္ေလးနဲ႔အေဆြးပုံေလးေတြတင္ကာ အျပည့္အဝဝန္းရံေပးခဲ့ၾကတာပါ။ဒီသီခ်င္းေလးကေတာ့ ေခါင္းစဥ္မွာတင္ အဓိပၸါယ္အျပည့္အဝရွိေနတာမို႔ သုသုကေတာ့ နင္ ငါ့ကိုမခ်စ္ဘူးဆိုတဲ့ စာသားေလးနဲ႔တင္ ဒါ႐ိုက္တာဏႀကီးကို လန႔္ေအာင္စလို႔ရေနေၾကာင္းကို အ႐ႊန္းေဖာက္ကာမွ်ေဝေပးခဲ့တာျဖစ္ပါတယ္။ပရိသတ္ႀကီးေရာ သုသုလို နင္ ငါ့ကိုမခ်စ္ဘူးလို႔ေျပာၿပီး ကိုယ္ခ်စ္ရသူကို စခဲ့ဖူးၿပီလား မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။
Unicode
ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ကတော့ မီမောင်နှံဆိုပြီးပရိသတ်တွေအားကျချစ်ခင်ရတဲ့ စုံတွဲတစ်တွဲဖြစ်တဲ့အပြင် မီဇာတ်ကားကြီးနဲ့လည်း ပြည်သူတွေကပေးအပ်တဲ့ ပြည်သူ့အကယ်ဒမီဆုကို ရရှိထားပါသေးတယ်။ဒါ့အပြင် သုသုကတော့ သူတို့နှစ်ဦးရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေနဲ့ ပြောစကားလေးတွေကိုလည်း ပရိသတ်တွေကိုချစ်စဖွယ်မျှဝေပေးလေ့ရှိတာကြောင့်လည်း ပရိသတ်တွေကတော့ တိုးတိုးပြီး အချစ်ပိုလာခဲ့ရတာပဲဖြစ်ပါတယ်။
သုသုကတော့ အစစအရာရာပြည့်စုံအောင်ဂရုစိုက်ပြီး အားကိုးလို့ရတဲ့ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားပြီး သူအနိုင်ကျင့်သမျှခံတဲ့ ဦးရေခဲကြီးအကြောင်းကို ပျော်ရွှင်စွာ မျှဝေပေးလေ့ရှိသူပါ။ဒီတစ်ခေါက်မှာလည်း သုသုမျှဝေပေးခဲ့တာတစ်ခုကြောင့် ပရိသတ်တွေကတော့ ပွဲကျနေခဲ့တာပါ။အဲ့ဒါကတော့ အားတီရဲ့သီချင်းလေးနဲ့အတူ “ကို Ar T ကြီးကို ဒီသီချင်းလေးအတွက် တကယ်ကျေးဇူးတင်တယ်.. ဦးရေခဲကြီးကိုနောက်ချင်တိုင်း ဟူး..နင် ငါ့ကိုမချစ်ဘူး.. ဆိုပြီး ကိုယ့်အသံဆိုးကြီးနဲ့ ထထအော်လိုက်တိုင်း ဦးရေခဲတစ်ယောက်လန့်လန့်ပြီး ‘ဟင် ကျွန်တော်ဘာလုပ်မိလို့လဲ’ ဆိုပြီးအလန့်တကြားမေးရင် အသေရယ်ရတယ်” ဆိုပြီးရေးသားခဲ့တာပါ။
အားတီရဲ့ နင်ငါ့ကိုမချစ်ဘူး သီချင်းလေးကတော့ မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုအပြည့်အဝရရှိခဲ့တာဖြစ်ပြီး အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း သီချင်းခေါင်းစဉ်လေးနဲ့အဆွေးပုံလေးတွေတင်ကာ အပြည့်အဝဝန်းရံပေးခဲ့ကြတာပါ။ဒီသီချင်းလေးကတော့ ခေါင်းစဉ်မှာတင် အဓိပ္ပါယ်အပြည့်အဝရှိနေတာမို့ သုသုကတော့ နင် ငါ့ကိုမချစ်ဘူးဆိုတဲ့ စာသားလေးနဲ့တင် ဒါရိုက်တာဏကြီးကို လန့်အောင်စလို့ရနေကြောင်းကို အရွှန်းဖောက်ကာမျှဝေပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရော သုသုလို နင် ငါ့ကိုမချစ်ဘူးလို့ပြောပြီး ကိုယ်ချစ်ရသူကို စခဲ့ဖူးပြီလား မှတ်ချက်ပေးခဲ့ပါဦးနော်။