ျမန္မာအကကို ႀကိဳးႀကိဳးစားစားေလ့က်င့္ေနတဲ့ အိျႏၵာေက်ာ္ဇင္

အႏုပညာ

အိျႏၵာေက်ာ္ဇင္ဟာ ေနာက္ထပ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားသစ္ႀကီးအတြက္ ျမန္မာအကကို ႀကိဳးႀကိဳးစားစား ေလ့လာသင္ယူေနတာေတြ႕ရပါတယ္။ ဘယ္လိုကာ႐ိုက္တာမဆို အေကာင္းဆုံး ႀကိဳးစားတတ္တဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ပါပဲ။

ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္ကေတာ့ ျမန္မာအကကို အားႀကိဳးမာန္တက္ သင္ၾကားေနတာ ေတြ႕ရပါတယ္။ မၾကာခင္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားအတြက္ ႀကိဳတင္ျပင္ဆင္ေနတာပါတဲ့။

“2020 ထဲမွာ တစ္ကားေတာ့႐ိုက္လို႔ၿပီးသြားၿပီ။ ကဲ…ခု..ေနာက္တစ္ကားအတြက္… လာေလေရာ့… ျမန္မာအက….တစ္ေန႔တစ္ေန႔အက က်င့္ရတာနာလိုက္တဲ့ကိုယ္ေတြလက္ေတြ ျမန္မာအက ကႏိုင္တဲ့ သူေတြကိုအရမ္းေလးစားတယ္။ တကယ္တန္ဖိုးရွိတဲ့ ျမန္မာအက။ ကိုယ့္ကိုကိုယ္ ၾကည့္ရတာေတာ့ ဗ်ိဳင္းႀကီးပ်ံေနသလိုပါလား မမအြဲရယ္” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေန႔လယ္ ၁၁ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာသက္တမ္း ၾကာလာတာနဲ႔ အမွ် သ႐ုပ္ေဆာင္ရတဲ့ ကာ႐ိုက္တာအေပၚမွာလည္း အေကာင္းဆုံး ႀကိဳးစားေလ့က်င့္ေနတုန္းပဲလို႔ ဆိုပါတယ္။ ဘယ္လို ကာ႐ိုက္တာပဲ႐ိုက္ရသည္ျဖစ္ေစ သ႐ုပ္ေဆာင္ အသစ္ တစ္ေယာက္လိုပဲ အၿမဲႀကိဳးစားတယ္လို႔ ေျပာပါတယ္။

“ ကိုယ္လုပ္တဲ့အလုပ္တစ္ခုကို အေကာင္းဆုံးျဖစ္ေအာင္ပဲ ႀကိဳးစားတာပါ။ အစ္မဆိုရင္ အခုခ်ိန္ထိ ကိုယ့္အလုပ္အေပၚမွာ ပိုႀကိဳးစားတဲ့အခ်ိန္တိုင္းလည္း အေကာင္းဆုံးပဲ ျဖစ္ခ်င္တယ္။ ကိုယ့္ကိုယ္ကိုယ္ အသစ္တစ္ေယာက္လိုပဲ ခံယူထားတယ္။ အစ္မသည္ ကာ႐ိုက္တာတစ္ခုကို လုပ္တတ္တယ္ ဆိုတာမ်ိဳးမရွိဘူး အၿမဲတမ္းအသစ္ျဖစ္ေနတာေပါ့ေနာ္။ ကိုယ့္အိုက္တင္ကိုလည္း ဘယ္ေတာ့မွ မႀကိဳက္ဘူး။ Over အိုက္တင္ေတြရွိမယ္၊ လိုတာေတြရွိမယ္၊ ကိုယ့္ကိုယ္ကိုယ္ ေကာင္းတယ္လို႔ ဘယ္တုန္းကမွ မထင္ဘူး”လို႔  အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၀ ခုႏွစ္ေႏွာင္းပိုင္းကစၿပီး မဂၢဇင္းဓာတ္ပုံ၊ ျပကၡဒိန္ေတြနဲ႔ တီဗီေၾကာ္ျငာေတြ အေျမာက္အျမား႐ိုက္ကူူးရင္း ပရိသတ္ေတြ စတင္အားေပးမႈ ရရွိခဲ့သူပါ။ ၁၉၉၈ ခုႏွစ္မွာေတာ့ Miss Kokkine ဆု နဲ႔ Miss Chirsmas ဆုကို ရရွိခဲ့ပါတယ္။ အဲဒီေနာက္ ‘’ခ်စ္ေသာ အယ္ဒီတာ’’၊ ‘’ အႏႈိင္းမဲ့’’ စတဲ့ ျမဝတီ႐ုပ္သံဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္႐ိုက္ကူးခဲ့ပါတယ္။ ေခါင္းေဆာင္မင္းသမီး အျဖစ္အရင္ဆုံး ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကေတာ့ ‘’အျဖဴေရာင္ အတၱ’’၊ ‘’ ကြၽန္ေတာ္ ကြၽန္မတို႔သည္’’ ႐ုပ္ရွင္ဇာတ္ကားႀကီးတို႔ျဖစ္ပါတယ္။ သူမရဲ႕အႏုပညာသက္တမ္းကေတာ့ အႏွစ္ ၂၈ ႏွစ္ ေက်ာ္ၿပီျဖစ္ပါတယ္။သူမဟာ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ကားႀကီးေပါင္း မ်ားစြာတို႔ကိုလည္း ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ ဒီေန႔အခ်ိန္ထိ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈရရွိေနတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။သူမဟာ ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္”၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူပါ။ Cele Yarkwat

Unicode

အိန္ဒြာကျော်ဇင်ဟာ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားသစ်ကြီးအတွက် မြန်မာအကကို ကြိုးကြိုးစားစား လေ့လာသင်ယူနေတာတွေ့ရပါတယ်။ ဘယ်လိုကာရိုက်တာမဆို အကောင်းဆုံး ကြိုးစားတတ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။

ပရိသတ်အချစ်တော် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ မြန်မာအကကို အားကြိုးမာန်တက် သင်ကြားနေတာ တွေ့ရပါတယ်။ မကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်နေတာပါတဲ့။

Image may contain: 1 person, smiling, standing

“2020 ထဲမှာ တစ်ကားတော့ရိုက်လို့ပြီးသွားပြီ။ ကဲ…ခု..နောက်တစ်ကားအတွက်… လာလေရော့… မြန်မာအက….တစ်နေ့တစ်နေ့အက ကျင့်ရတာနာလိုက်တဲ့ကိုယ်တွေလက်တွေ မြန်မာအက ကနိုင်တဲ့ သူတွေကိုအရမ်းလေးစားတယ်။ တကယ်တန်ဖိုးရှိတဲ့ မြန်မာအက။ ကိုယ့်ကိုကိုယ် ကြည့်ရတာတော့ ဗျိုင်းကြီးပျံနေသလိုပါလား မမအွဲရယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ သရုပ်ဆောင်ရတဲ့ ကာရိုက်တာအပေါ်မှာလည်း အကောင်းဆုံး ကြိုးစားလေ့ကျင့်နေတုန်းပဲလို့ ဆိုပါတယ်။ ဘယ်လို ကာရိုက်တာပဲရိုက်ရသည်ဖြစ်စေ သရုပ်ဆောင် အသစ် တစ်ယောက်လိုပဲ အမြဲကြိုးစားတယ်လို့ ပြောပါတယ်။

Image may contain: 1 person, smiling, standing and indoor

“ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားတာပါ။ အစ်မဆိုရင် အခုချိန်ထိ ကိုယ့်အလုပ်အပေါ်မှာ ပိုကြိုးစားတဲ့အချိန်တိုင်းလည်း အကောင်းဆုံးပဲ ဖြစ်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ယောက်လိုပဲ ခံယူထားတယ်။ အစ်မသည် ကာရိုက်တာတစ်ခုကို လုပ်တတ်တယ် ဆိုတာမျိုးမရှိဘူး အမြဲတမ်းအသစ်ဖြစ်နေတာပေါ့နော်။ ကိုယ့်အိုက်တင်ကိုလည်း ဘယ်တော့မှ မကြိုက်ဘူး။ Over အိုက်တင်တွေရှိမယ်၊ လိုတာတွေရှိမယ်၊ ကိုယ့်ကိုယ်ကိုယ် ကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်ဘူး”လို့  အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Image may contain: 1 person, smiling, standing, wedding and indoor

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီး အဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။ သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်”၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။