Unicode
ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ချစ်သုဝေရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စား အားပေးစောင့်ကြည့်ကြပါတယ်။
ချစ်သုဝေက လက်ရှိမှာတော့ သူမ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် စင်္ကာပူနိုင်ငံကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်သုဝေက “Blessed sunday!!ကောင်းချီးတွေကိုရေတွက်တတ်ဖို့ဆုတောင်းရင်း အနာရောဂါဝေဒနာခံစားနေရသူများနဲ့ ထိုသူတို့၏မိသားစုများ စိတ်၏ငြိမ်သက်ခြင်းရရှိစေဖို့ အထူးဆုတောင်းခဲ့ပါတယ်🙏🙏🙏” ဆိုပြီး ပြောထားပါတယ်။
ချစ်သုဝေကတော့ အိမ်ထောင်ကျပြီးနောက်မှ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်ပေမယ့် သီချင်းတွေသီဆိုရင်း ကြော်ငြာတွေ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။
ချစ်သုဝေကတော့ အသက်ကြီးလာလေ ပိုပြီးအေးချမ်းလာလေပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။