ဦးညီထွဋ်တစ်ယောက် သူ့ရဲ့ အိုင်ဒေါဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြလာတဲ့ ဇဏ်ခီ

အနုပညာ

ဇဏ်ခီကတော့ သူ့ဘဝမှာ နှစ်ဆ ဝမ်းသာအားရဖြစ်ခဲ့ရတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရရှိခဲ့ပါပြီ။

Image may contain: 4 people, people on stage and people standing

Central Production ကနေ မကြာသေးခင်က ထွက်ရှိလာတဲ့ ထာဝရနှောင်ကြိုးဇာတ်ကားဟာ (၁၄) ပတ်မြောက် ယနေ့အထိ ရုံတင်ခွင့်ရရှိတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ထိုဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းတွေကလည်း အချပ်ရေပေါင်းမြောက်မြားစွာရောင်းချခဲ့ရပါတယ်။

Image may contain: 2 people, people sitting and people eating

ဇာတ်ဝင်တေးသီချင်းအတော်များများကို သရုပ်ဆောင် ဇဏ်ခီကသီဆိုထားတာဖြစ်ပြီးတော့ မနေ့ညကကျင်းပခဲ့တဲ့ City FM ပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး အခွေအဖြစ် သတ်မှတ်ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဇဏ်ခီကိုယ်တိုင်တက်ယူခဲ့တဲ့ဒီဆုကို သူ့ရဲ့ အိုင်ဒေါဖြစ်သူ ဦးညီထွဋ်ကိုယ်တိုင်က ချီးမြှင့်ပေးခဲ့လို့ နှစ်ဆပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။

Image may contain: 2 people, people standing and indoor

ဇဏ်ခီက ဦးညီထွဋ်တစ်ယောက် သူ့ရဲ့ အိုင်ဒေါ ဘာကြောင့်ဖြစ်လာခဲ့လဲဆိုတာကိုလည်း ဒီကနေ့ တင်ထားတဲ့ သူ့ရဲ့ကျေးဇူးတင်လွှာလေးမှာထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

Image may contain: 2 people, people standing

“Special night..နှစ်ဆဝမ်းသာရပါတယ်။ ပထမအချက်က ရောင်းအားအကောင်းဆုံးအခွေအနေနဲ့ဆုရတဲ့အတွက် ပရိတ်သတ်တွေနဲ့တိုက်ရိုက်သက်ဆိုင်ပြီးတော့ ပရိတ်သတ်ကပေးတဲ့ဆုလို့ပြောလို့ရပါတယ်။ အနုပညာဖန်တီးမှုကိုတန်ဖိုးထားတဲ့ပရိတ်သတ်တွေ အများကြီးပိုတိုးလာဖို့လိုအပ်နေတဲ့အတွက် ကျနော်ပြောသင့်တဲ့စကားတွေပြောခွင့်ရခဲ့တယ်။”

Image may contain: 3 people, people standing and people on stage

“ဒုတိယအချက်ကတော့ ကျနော့်ရဲ့ idol ကကျနော့်ကိုဆုပေးအပ်တဲ့အတွက် ဂုဏ်ယူ ဝမ်းသာ ပီတိဖြစ်လို့မဆုံးပါဘူး။ ကိုညီထွဋ်က ၁၉၉၀ အကျော်ဝန်းကျင်လောက်မှာ စကားတစ်ခွန်းပြောခဲ့တယ် interview တစ်ခုမှာ။ “ကျနော်သူများအင်္ကျီငှါးမဝတ်ချင်တော့ဘူး” တဲ့။ အဲ့ဒီ့နောက်ပိုင်း copy လုံးဝမဆိုတော့ဘူး။ သူမပြောသေးခင်အချိန်အထိ copy ဆိုတာ မကောင်းဘူးဆိုတာကိုမသိခဲ့ဘူး။ သူ့စကားကြောင့်အသိတရားတစ်ခုရသွားခဲ့တယ်။ ဒါကြောင့်လည်း idol အနေနဲ့သတ်မှတ်တာပါ။ ❤️🙏”

Image may contain: 3 people, people on stage

“မနေ့ညကကျေးဇူးတင်စကားထဲမှာကျန်သွားခဲ့တဲ့ Bo Bo Entertainment ကိုလည်း အခုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်။ ပြီးတော့ Now & Ever OST တစ်ခွေလုံးအတွက် mixing နဲ့ mastering ကို Apollo Lab (Bangkok) မှာလုပ်ခဲ့ပါတယ်။ Apollo Lab က mixing and mastering engineer တွေကိုလည်းအထူးကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါတယ်။”

Image may contain: 4 people, people on stage, people playing musical instruments and text

“တစ်ဖန်ကျေးဇူးတင်ချင်တာကတော့ original အခွေတွေကို ဝယ်ယူအားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးကမ္ဘာပါလို့ ပြောကြားလိုပါတယ်။ ပရိတ်သတ်တွေရဲ့စောင့်ထိန်းမှုဟာ အနုပညာသမားတွေရဲ့အနာဂတ်ပါ။ ပရိတ်သတ်တွေရဲ့ထားတဲ့သစ္စာတရားကြောင့် အနုပညာသမားတွေဟာလည်း ကောင်းမွန်တဲ့အနုပညာဖန်တီးမှုတွေကို များများနဲ့ကောင်းကောင်း ပြန်လည်ချပြခွင့်ရကြပါမယ်။ အတူတူကြိုးစားစောင့်ထိန်းမှ ဂုဏ်သရေရှိတဲ့ healthyဖြစ်တဲ့ internationalတန်းမှီတဲ့ အနုပညာတွေဖန်တီးနိုင်ကြမှာဖြစ်တဲ့အတွက် ပရိတ်သတ်တွေဖက်ကလည်း ကိုယ်ဝန်းရံတဲ့အနုပညာရှင်တွေအကျိုးရှိမယ့်ပုံစံမျိုးနဲ့အားပေးပြီး အနုပညာရှင်တွေဖက်ကလည်း စီးပွါးရေးမဆန် trend ထဲမှာပဲအမြဲမနေပဲ တကယ့်အနုပညာစောင်းပေးရင်တွင်းဖြစ်တွေကိုများများဖန်တီးကြပါလို့ အခါအခွင့်ရတုန်း နှိုးဆော်အပ်ပါတယ်။ Last but not least!! CityFM ကိုလည်းဆုချီးမြှင့်တဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။ ❤️”

Image may contain: 2 people

Image may contain: 1 person, standing and text

ထာဝရနှောင်ကြိုး ဇာတ်ဝင်တေးခွေနဲ့ ဆုရရှိသွားတဲ့အတွက် ဇဏ်ခီနဲ့အတူ သူ့ရဲ့ ပရိသတ်တွေက အတိုင်းအဆမရှိ ဝမ်းသာပျော်ရွှင်နေကြမယ်လို့ ထင်ပါတယ်။ ခီမောင်နှံတို့ နှစ်ယောက် ပရိသတ်တွေအတွက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အနုပညာဖန်တီးမှုလေးတွေ ဆက်လက်ပြီး ပေးသွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်ပါ။

Image may contain: 8 people, people on stage and people standing

Image may contain: 3 people, people standing and text

Image may contain: 5 people, people standing

Cele Star