ဖေဖေလင်းလင်းကို ဆံပင်ဆွဲအချစ်စမ်းနေတဲ့ ခေတ်နဲ့သစ်ကိုကြည့်ပြီး သဘောကျနေတဲ့ ချစ်သုဝေ

အနုပညာ

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက သူတို့ရဲ့ အနုပညာလမ်းမပေါ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေကြသူတွေ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့ လင်းလင်းက (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး နှစ်ယောက်အတူတူ အနုပညာအသစ်တွေ ဖန်တီးနေလျက်ရှိပါတယ်။ ပရိသတ်တွေက လင်းလင်းနဲ့ ချစ်သုဝေကိုသာမက သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကိုလည်း ချစ်ခင်ကြတာ ဖြစ်ပါတယ်။


ချစ်သုဝေက လက်ရှိမှာတော့ သူမမိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် စင်္ကာပူနိုင်ငံကိုရောက်ရှိတာ ဖြစ်ပါတယ်။ ချစ်သုဝေက နိုင်ငံရပ်ခြားကို ရောက်ရှိနေတာမို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သမီးလေးတွေကို သတိရနေတာ ဖြစ်ပါတယ်။


ချစ်သုဝေက သမီးလေးတွေကို Video Call ခေါ်ချိန်မှာတော့ သမီးလေးတွေက ဖေဖေလင်းလင်းကို ဆံပင်တွေဆွဲပြီး အချစ်စမ်းနေတဲ့မြင်ကွင်းကြောင့် စိတ်အေးပြီး အလွမ်းတွေ ပြေပျောက်ခဲ့ရပါတယ်။


ဖေဖေလင်းလင်းကတော့ သမီးတွေ မျက်နှာမညှိုးရအောင် အလိုလိုက်လွန်းတာကြောင့် ခေတ်နဲ့သစ်က ဖေဖေနဲ့နေရမယ်ဆို ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေတို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရလောက်အောင် အရမ်းပျော်ရွှင်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး