(၂၀၂၀) မှာ ယောကျာ်းယူမယ်ဆိုပြီး ပရိသတ်တွေကို ပြောလာတဲ့ ဝတ်မှုံရွှေရည်

အနုပညာ

ပရိသတ်တွေက ကစ်ကစ်လို့ ခေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အချင်းရော၊ အဆင်းပါ ပြည့်စုံသူလေးတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုရရှိခဲ့ပြီး အကယ်ဒမီဆုတွေများစွာလည်း ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည် အသက်တွေကြီးသွားသည့်တိုင် အားပေးနေကြဆဲ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က ယခုနှစ် (၂၀၂၀) ခူနှစ် အတွက် သူမရည်ရွယ်ထားတဲ့ resolution တွေကို ပရိသတ်တွေ သိရအောင် အခုလိုပဲ မျှဝေထားပါတယ်။


” ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်။ ရိုးသားစွာနေမယ်။ အလုပ်ကြိုးစားမယ်။ ကောင်းတာတွေလုပ်မယ်။ အကောင်းမြင်စိတ်လေးမွေးမယ်။ ကူညီထိုက်သူကို ကူညီမယ်။”


“ချစ်တဲ့သူတွေကို ပိုချစ်မယ်။ ကိုယ့်တန်ဖိုးသိတဲ့သူတွေနဲ့ နေမယ်။ ဆန္ဒတွေကို အကောင်ထည်ဖော်မယ်။ အာရုံနောက်တဲ့ သူတွေနဲ့ဝေးဝေးနေမယ်။ အတုအယောင်တွေကို ရှောင်မယ်။ အနှောင့် တွေကိုလျစ်လျူ ရှုမယ်။”


“အတိတ်တွေကို မေ့ပစ်မယ်။ အရှုပ်ထဲ ရှင်းအောင်နေမယ်။ ယောကျာ်းယူမယ် (အမွှေပေါ့) 😂😂🤣🤣 အမလေး လုပ်ရမှာ အများကြီး 🤔😬” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်က ယခုနှစ် (၂၀၂၀) ခုနှစ်မှာ သူမအတွက် စိန်ခေါ်မှုရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ယောကျာ်းယူမယ်ဆိုတာကတော့ ပရိသတ်တွေက ပျော်အောင်စထားတာမို့ စိတ်မပူကြနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။