မြမြကာရိုက်တာအတွက် မုဒ်ဝင်နေပြီဆိုတဲ့ သင်ဇာဝင့်ကျော်

အနုပညာ

ခပ်ဟော့ဟော့ အဝတ်အစားတွေနဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က အောက်တိုဘာမှာ စတင်ရိုက်ကူးမယ့် မြမြဇာတ်ရုပ်အတွက် မုဒ်ဝင်နေပြီလို့ ဆိုပါတယ်။

“ဇာတ်လမ်းစဖတ်ကတည်းက မုဒ် ဝင်ပြီးသားပါ။ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်လေ။ အစွမ်းကုန်တော့ ကြိုးစားဖို့ ပြင်ဆင်ထားပါတယ်”လို့ ၎င်းက ပြောပါတယ်။

မြမြဇာတ်ကားက ပညာပေးဇာတ်ကားတစ်ကား ဖြစ်တဲ့အတွက်လည်း လက်ခံရိုက်ကူးဖြစ်တာလို့ သရုပ်ဆောင်သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ဇာတ်လမ်းကပေးတဲ့ မက်ဆေ့ခ်ျကို သဘောကျတယ်။ ကိုညို့ကိုလည်း ယုံကြည်တယ်။ သူနဲ့လည်း အများကြီး အလုပ်တွဲလုပ်ဖူးတဲ့အတွက် ဒီဇာတ်ကို သင်ဇာ့ကိုမှမြင်ပြီး ယုံယုံကြည်ကြည်နဲ့ အပ်တဲ့အချိန်မှာ ကိုယ့်ဘက်ကလည်း သတ္တိရှိရှိနဲ့ ဘာလို့ လက်မခံရဲရမှာလဲ”လို့ သူက ဆိုပါတယ်။

မြမြဇာတ်ကားကို ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမှာဖြစ်ပြီးတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်နဲ့ အကောင်းဆုံး သရုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

Credit-The Voice