မြင်နေကျပုံစံတွေနဲ့ ကွဲထွက်နေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ “ကမ်း” ရုပ်ရှင်မှ ဇာတ်ကောင်ပုံရိပ်

အနုပညာ

နိုင်ငံကျော် ဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလျှောက်လမ်း ကိုယ်စီမှာ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပြီး ထွန်းလင်းတောက်ပတဲ့ ကြယ်လေးတွေဆိုလည်း မမှားပါဘူး။


ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာတော့ ဒါရိုက်တာ သားညီ ရိုက်ကူးပုံဖော်တဲ့ “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ စိုးမြတ်သူဇာ၊ ခေးဆက်သွင်တို့နဲ့ အတူတူ သရုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။


“ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေထူးနဲ့ ရွှေမှုံရတီကို ပရိသတ်တွေ မြင်ဖူးနေကျမဟုတ်တဲ့ ကာရိုက်တာမျိုးနဲ့ ထူးထူးခြားခြား တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။


ဒီ “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဒုတိယမြောက် ဆုံတွေ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။


aရွှထူးနဲ့ ရွှေမှုံရတီက “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ် အားပေးမှုကို ရရှိထားတာမို့ ဒီ “ကမ်း” ရုပ်ရှင်ဇာတ်ကားမှာလည်း ဘယ်လိုတွေ သရုပ်ဆောင်ထားဦးမလဲ ရင်ခုန်စရာပါပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိုမိုလေး