အိမ်ထောင်ရှင်မတစ်ဦးအဖြစ်နဲ့ရော အနုပညာအလုပ်တွေပါ ဟန်ချက်ညီညီလုပ်ကိုင်နိုင်တဲ့ အကယ်ဒမီ ချောရတနာ

အနုပညာ

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ချောရတနာ ကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ သူမက အနုပညာလောကထဲကို ကာရာအိုကေ သီချင်းများမှာ သရုပ်ဆောင်ရင်း စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ချောရတနာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိတာကြောင့်လည်း သူမကိုချစ်တဲ့ အမာခံပရိသတ်တွေကို ပိုင်ဆိုင်ထားသူပါ။ ချောရတနာက 2008မှာ အိမ်ထောင် ပြုခဲ့ပြီး ရုပ်ရှင် ထူးချွန်ဆု ဖြစ်တဲ့ ဇာတ်ပို့ဆုကို လည်း ရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမက အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ့ သူမချစ်ရတဲက မိသားစု ကို အချိန်ပေးရင်း အနုပညာအလုပ်တွေ ရပ်နားခဲ့ပြီး ခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေပါ ပြန်လည် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။


ချောရတနာ က သူမရဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးလေး တို့ရဲ့ ချစ်စရာကောင်းတဲ့ အမူအယာ လေးတွေနဲ့ ပုံရိပ်လေးတွေကို သူမတို့ မိသားကို ချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိသလို သားနဲ့သမီးကလည်း ပရိသတ်တွေ ရဲ့ အသဲစွဲ ဖြစ်နေတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။


သားနဲ့ သမီးလေးကိုလည်း ကျွေးမွေးစောင့်ရှောက်ရင်း အိမ်ထောင်ရှင်မ တာဝန်ကိုလည်း အပြည့်အ၀တာဝန်ယူထားတဲ့ သူမက ခုနောက်ပိုင်းမှာ သူမရဲ့ ကလေးများနဲ့ ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာတာတွေ့ရပါတယ်။


နောက်ထပ် အနုပညာလှုပ်ရှားမှု အနေနဲ့ Photo Shooting များနဲ့ ပွဲတက်များကိုလည်း လုပ်ကိုင်နေတာတွေ့ရပါတယ် ။သူမ အတွက် သားနဲ့ သမီးက ပထမဦးစားပေး ဖြစ်ပြီး အချိန်နည်းနည်း သာပေးရတဲ့ ရိုက်ကူးရေးကို ပဲ လက်ခံရိုက်ကူးဖြစ်တယ်လို့ လည်း သိရပါတယ်။လက်ရှိမှာတော့ သူမက ရုပ်ရှင်ဇာတ်ကားများကို လက်ခံရိုက်ကူးခြင်းမရှိသေးပါဘူး။


ခုဆိုရင်တော့ ပရိသတ်အချစ်တော် သရုပ်ဆောင် ချောရတနာ က မိသားစု တာဝန် နဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း သူမရဲ့ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။


ပရိသတ်ကြီးလည်း သရုပ်ဆောင် ချောရတနာ ရဲ့ မိသားစု အပေါ် အပြည့်အ၀မေတ္တာပေးရင်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ အကြောင်းကို သိလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။