ကလေးထိန်း ခွင့်ယူထားတဲ့အချိန် သားလေးကို ထိန်းနေရတဲ့ အကြောင်း ပြောလာတဲ့ နန်းမြတ်ဖြိုးသင်း

အနုပညာ

အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်း ဟာဆိုရင် အဆိုတော် တစ်ဦး အနေနဲ့ အနုပညာလောကထဲရောက်ရှိလာသူလေး ဖြစ်ပြီး နောက်ပိုင်းမှာ သရုပ်ဆောင် မင်းသမီးလေးအနေနဲ့ ရပ်တည်လာခဲ့သူပါ။ သူမက ဆရာဝန်တစ်ဦးဆိုလည်း မမှားပါဘူး ။

သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားများစွာရှိတာကြောင့် လည်း အမာခံပရိသတ်တွေ လက်ခံရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ခုဆိုရင် နန်းမြတ်ဖြိုးသင်းက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် နန်းမြတ်ဖြိုးသင်း က ကလေးထိန်း ခွင့်ယူထားတဲ့အချိန် သားလေးကို ထိန်းနေရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းမြတ်ဖြိုးသင်း က သားလေးကို ကိုယ်ဝန်လွယ်ပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ရပ်နားပြီး မိသားစုနဲ့ ရင်သွေးလေးကို အချိန်ပေးဖြစ်တယ်လို့သိရပါတယ်။

သားလေး မွေးပြီး နောက်ပိုင်းမှာတော့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးလာပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာတွေ့ရပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ သားလေး က ၉လ သားအရွယ်ကို ရောက်ရရှိနေပြီး ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ လုပ်တတ်နေပြီပဲ ဖြစ်ပါတယ်