အရေပြားပေါ်မှာ မိမိပုံထိုးလိုက်တဲ့ သူ(၂)ဦးကို မိသားစုစာရင်းထဲထည့်လိုက်တဲ့ ယုန်လေး

အနုပညာ

နိုင်ငံကျော်တေးရေးတေးဆို၊သရုပ်ဆောင်ဒါရိုက်တာ ယုန်လေးကတော့ အရေပြားပေါ်မှာ သူပုံထိုးလိုက်တဲ့ သူ(၂)ဦးကို မိသားစုလို့ပဲဆိုတဲ့အကြောင်းကို “ORIGINAL GANGSTER စာတန်း Tattoo ထိုးတာတွေတော့ တွေ့ဖူးပါတယ် . OG စာတန်း ထိုးထားတဲ့ လူတွေအတွက်လည်း အမှတ်တရ အစီစဉ် တွေရှိပါတယ် ။ ကျွန်တော်ကို ဒီလို ချစ်လို့ ကိုယ်ပေါ်တင်ထားတဲ့ ညီအစ်ကို နှစ်ယောက်ကိုလည်း ပရိတ်သတ်လို မဆက်ဆံပါဖူး မိသားစု စာရင်းထဲထည့်ပြီးသားပါ။OG အကျီလေး လက်ဆောင်ပေးရင်း အပြင်မှာ တစ်ရက်တွေ့ပြီး Cherr ကျတာပေါ့” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးခဲ့တဲ့ “အော်ရီဂျင်နယ် ဂိုဏ်းစတား”၊ “အထူးတပ်ဖွဲ့ဝင် (၉)ယောက်”၊ “သတိ အန္တရာယ်ရှိသည်”စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံပြည့် ရုံလျှံအားပေးတဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။သူရိုက်ကူးထားတဲ့ Original Gangstar (3) ကလည်း ရုံတင်ပြတော့မှာပါ။

ပရိသတ်ကြီးရေ နိုင်ငံကျော်တေးရေးတေးဆို၊သရုပ်ဆောင်ဒါရိုက်တာ ယုန်လေးကတော့ အရေပြားပေါ်မှာ ပုံတူတက်တူးထိုးပြီး အားပေးခံရတဲ့ ပရိသတ်ရဲ့အချစ်ကိုပိုင်ဆိုင်ထားပြီး အခုလို့ အရေပြားပေါ်မှာ သူပုံထိုးလိုက်တဲ့ သူ(၂)ဦးကို မိသားစု စာရင်းထဲထည့်ပြီးသားပါတဲ့နော်။