စတိုင်လ်အပြည့်နဲ့ ချစ်သမီးလေးကို ချစ်မဝဖြစ်နေတဲ့ စန္ဒီမြင့်လွင်

အနုပညာ

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေအခိုင်အမာရရှိထားပြီး ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလေးကတော့ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင်ကလည်း အသည်းယားအောင် ချစ်ဖို့ကောင်းသူလေးပါနော်..။


Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ပါးပြည့်ပြည့်ဖောင်းဖောင်း ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလွန်းကာ နှုတ်ခမ်းထော်ထော်လေးတွေကလည်း တကယ့်ကို အမေတူသမီးလေးပါပဲနော်..။

မေမေဒီးဒီက သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း သားအမိနှစ်ယောက် ကစားရင်း စတိုလ်အပြည့်နဲ့ အသည်းယားစရာကောင်းနေတဲ့ ချစ်သမီးလေးရဲ့ ပုံလေးကို မျှဝေထားပါသေးတယ်..။


“Happy Sunday ပါနော် သမီးနဲ့မေမေနဲ့ ဆော့နေပါတယ်နော်..” ဆိုပြီး မေမေဒီးဒီက သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

သားအမိနှစ်ယောက်အတူဆော့ကစားရင်း စတိုင်လ်တွေအပြည့်နဲ့ ချစ်စရာကောင်းလွန်းနေတဲ့ Treasure လေးကိုတော့ ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကာ သဘောကျအချစ်ပိုနေကြမှာပါနော်..။