့ပရိသတ်တွေအတွက် ရင်ခုန်စရာ Video အသစ်လေးတစ်ခုတင်လိုက်တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦးပါ။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က အားကစားလုပ်ရင်းနဲ့ သူမရဲ့ တင်သားအလှကို ငြိမ့်ငြိမ့်ငြောင်းငြောင်း လှုပ်ခါပြရင်းခဲ့ပါတယ်။ ဘယ်လိုတွေတောင် စွဲဆောင်နေတာလဲ မမသင်ဇာရယ် [youtube https://www.youtube.com/watch?v=CKYLTap8DlU] သင်ဇာဝင့်ကျော်က အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးကို အထူးဂရုပြု လိုကစားရင်း အားကစား ပုံမှန်လုပ်တာကြောင့် အရွယ်နဲ့မမျှနဲ့ နုပျိုခြင်းတွေကို ရရှိပိုင်ဆိုင်ထားသူလေးလဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ ကြော်ငြာဓာတ်ပုံလေးတွေကို ရိုက်ကူးပေးနေပြီး ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေတာဖြစ်ပါတယ်။ သင်ဇာရဲ့ အခုဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ မိုမိုလေး

ထီပေါက်ပေမယ့် ထီလက်မှတ် ပျောက်သွားခဲ့တဲ့ MRTV 4 မင်းသမီးလေး ခေးဆက်သွင်

ခေးဆက်သွင်က ထီ ၅ သောင်းဆုပေါက်ပေမယ့် ထီလက်မှတ်ပျောက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့တယ်လို့ သိရပါတယ်။ သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ ဇာတ်လမ်းတွဲမင်းသမီးချောလေး ခေးဆက်သွင်က ထီပေါက်ပြီး ထီလက်မှတ်ပျောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ထီလက်မှတ်လေးက ပြန်တွေ့ခဲ့တယ်လို့ ဝမ်းသာအားရနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ ‘’ထီ ငါးသောင်းဆုပေါက်တာ ထီလက်မှတ်ဘယ်တုန်းက လွှင့်ပစ်လိုက်လဲ မသိဘူး။ ပျောက်နေလေရဲ့’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ထီလက်မှတ်ပျောက်သွား တဲ့ ခေးဆက်သွင်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်တဲ့အကြောင်းကို Comment ကနေတဆင့် ရေးသားထားကြပါတယ်။ အဲဒီနောက်မှာတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီ ၂ မိနစ်မှာပဲ ထီလက်မှတ် ပြန်တွေ့ပြီလို့ Comment...

ချစ်သူကို အားဆေးတစ်ခွက်နဲ့ တင်စားလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းက ဘယ်လောက်ပင်ပန်းပင်ပန်း ဘေးနားမှာ အားဆေးရှိတယ်လို့ ဆိုပါတယ်။ ဝိုင်းစုနဲ့ အောင်လ တို့ရဲ့ အချစ်ရေးအကြောင်းကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။ ဝိုင်းစုခိုင်သိန်းက ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အတူ ဂီတဖျော်ဖြေရေးပွဲတွေ သီဆိုနေတာ တွေ့ရပါတယ်။ ဘယ်လောက်ပင်ပန်း ပင်ပန်း အနားမှာ အောင်လရှိရင် အားဆေးတစ်ခွက်လိုပဲ ဆိုတာကို အခုလို ပြောပြလာပါတယ်။ ‘’Traveling season, ဘယ်လောက်ပဲ ပင်ပန်းပါစေ။ ကိုယ့်ဘေးမှာ အားဆေးရှိတယ်လေ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ရဲ့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဟာ အခက်အခဲ၊ အတိုက်အခိုက်တွေ ကြားထဲက လက်တွဲလာခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။...

သီချင်းအခေါက်ရေ ၆၀၀၀ ကျော်ခိုးရောင်းခံထားရတယ်ဆိုတဲ့ ဂျက်မြသောင်း

သီချင်းအပုဒ်ရေပေါင်းများစွာကို သီဆိုရေးသားခဲ့ပြီး ခေတ်ရေစီးကြောင်းမှာ ရှင်သန်နေဆဲသီချင်းတွေရဲ့ပိုင်ရှင် ဂျက်မြသောင်း ဂီတအစည်းအရုံးအပါအဝင် အဖွဲ့အစည်း(၁၇)ခုကိုတရားစွဲထားတယ်ဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီး ကြားတွြေ့ပီးဖြစ်မှာပါ။ သူရဲ့တရားစွဲရတဲ့အပေါ်ခံစားချက်တွေနဲ့သူသီချင်းတွေကိုဘယ်လိုယူသုံးထားလို့ဒီကိစ္စဖြစ်ပေါ်လာရတဲ့ဆိုတဲ့အကြောင်းကို ဂီတအစည်းအရုံးစည်းဝေးပွဲမှာပြောပြခဲ့ပါတယ်။ အဲ့ဒီအကြောင်းအရာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြန်ပြောပြလိုက်ပါတယ်နော်။ ကျနော်တို့အဆိုတော်တွေ၊တေးရေးဆရာတွေဟာ ဂီတအစည်းရုံးကနေမွေးဖွားမြေတောင်မြှောက်ပေးထားတဲ့ အနုပညာသမားတွေမဟုတ်ပါဘူး ။တကယ်ဆိုရင်ကျနော်တို့သီချင်းတွေကို ဂီတအစည်းရုံးကကာကွယ်ပေးရမှာလေ အခုကျကာကွယ်မပေးတဲ့အပြင် ကျနော်သီချင်းတွေအခေါက်ရေပေါင်း ၆,၀၀၀ကျော်ကို ၆၇ကျပ်၅ပြားတို့၇၅ကျပ်တို့နဲ့ ကျနော့်ခွင့်ပြုချက်မပါဘဲရောင်းစားထားလိုက်သေးတယ်။ သုံးတဲ့လူကလည်း သုံးတယ်။ကျနော့်ခွင့်ပြုချက်မပါဘဲနဲ့ရောင်းစားပိုင်ခွင့်လည်းမရှိဘူး။ ကျနော်ကသူတို့မွေးထားတဲ့အဆိုတော်မဟုတ်ပါဘူး ။ဒီကိစ္စကို အဆိုတော်တွေအားလုံးကလည်း လက်ခံလားဆိုတာသိချင်တယ်။ သူတို့ရောင်းချင်တယ်ဆိုရင် ပိုင်ရှင်ကိုအကြောင်းကြားရမယ်လေ။ အကြောင်းမကြားဘဲ ရောင်းတာက အရပ်စကားနဲ့ဆို အရမ်းလူပါးဝတယ်လို့ပြောရမယ်။ အစက ပြေပြေလည်လည်ပြောကြည့်တယ်။ စာနဲ့လည်းရေးတယ် လူကိုယ်တိုင်လည်းပြောတယ် အဆင်မပြေဘူး ။ အဲ့တာကြောင့်တရားစွဲတယ်။ဆိုပြီးပြောပြခဲ့ပါတယ်။

ပရိသတ်တွေ မေ့မရနိုင်တော့မယ့် ဦးကျော်ဟိန်းနဲ့ ဒွေးတို့ရဲ့ တစ်ချိန်က အမှတ်တရပုံရိပ်

ပရိသတ်တွေ တစ်ခဲနက် အားပေးခဲ့ကြတဲ့ မင်းသားကြီးနှစ်လက်ဖြစ်တဲ့ ဦးကျော်ဟိန်းနဲ့ ဒွေးတို့က အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေမယ့် ပရိသတ်တွေကတော့ အခုချိန်ထိ သူတို့နှစ်ဦးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုတော့ သတိတရ ကြည့်ရှုနေကြဆဲပါ။ ဦးကျော်ဟိန်းကလဲ သာသနာ့ဘောင်ထဲကို အပြီးအပိုင်ဝင်သွားခဲ့တာ ဖြစ်ပြီး ကိုသားကြီး(ဒွေး)ကတော့ ပရိသတ်တွေ မိသားစုတွေကို အပြီးအပိုင် ခွဲခွာသွားခဲ့တာ (၁၁)နှစ်တိတိ ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကျော်ဟိန်းနဲ့ ဒွေးတို့ရဲ့ အမှတ်တရ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။ ကိုသားကြီး ရဲ့ အမှတ်တရ ပုံရိပ်လေး ဦးကျော်ဟိန်းနဲ့ ဒွေးတို့ရဲ့ သရုပ်ဆောင်မှုတစ်ခု ပရိသတ်တွေလဲ တစ်ချိန်တုန်းက ဦးကျော်ဟိန်းနဲ့ ဒွေးတို့ရဲ့ အမှတ်တရပုံရိပ်တွေကို ကြည့်ပြီး ပြန်လည်လွမ်းဆွတ် အောက်မေ့နေကြမယ် ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။  မိုမိုလေး Rowena

ခင်ပွန်းနဲ့အတူတူ ဖွင့်ပွဲတစ်ခုကိုတတ်ရောက်လာတဲ့ သင်ဇာနွယ်ဝင်း

ချစ်ပရိတ်သတ်ကြီးရေ... တချိန်ကအနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တွေကိုပိုင်ပိုင်နိုင်နိုင်စိုက်ထူထားနိုင်ခဲ့ပြီးပရိတ်သတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့တဲ့မင်းသမီးလေး သင်ဇာနွယ်ဝင်းကိုပရိတ်သတ်ကြီးသိမှာပါနော်။ သူမဟာ စကားပြောရင် အသံဝဲဝဲလေးနဲ့ မပီတပီပြောတတ်တာကြောင့် ပရိတ်သတ်တွေအသည်းယားပြီးအချစ်ပိုနေခဲ့ရပါတယ်နော်။ သူမဟာအိမ်ထောင်ကျပြီးသွားတဲ့နောက်ပိုင်းမှာတောင် ပရိတ်သတ်တွေရဲ့အားပေး ချစ်ခင်မှုလုံးဝလျော့မသွားခဲ့တဲ့ မင်းသမီးတွေထဲက တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။ လက်ရှိမှာတော့ သူမဟာ သူမကိုအရမ်းချစ်ပြီးဂရုစိုက်တတ်တဲ့ ချစ်ခင်ပွန်းနဲ့ သူမအရမ်းချစ်ရတဲ့ သားသားလေးကို ပိုင်ဆိုင်ထားရတာကြောင့် ပရိတ်သတ်တွေအရမ်းကိုအားကျနေကြရပါတယ်နော်။ အခုလည်း နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်သလိုမျိုးပဲ နတ်ဖက်တဲ့စုံတွဲအလား အရမ်းကိုရှေ့သွားနောက်လိုက်ညီစွာနဲ့ ဇနီးမောင်နှံနှစ်ယောက်သား စိန်ရွှေရတနာဆိုင်သစ်ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြပါတယ်။ ပွဲကိုတက်ရောက်လာတဲ့သူတွေကလည်း အရမ်ကိုလိုက်ဖက်ညီတဲ့ ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီး အရမ်းတွေ အားကျ ကြည်နူးခဲ့ရပါတယ်နော်။ကဲ... ပရိတ်သတ်ကြီးလည်းကြည်နူးပီတိဖြစ်ရအောင်လို့ ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source : Thinzar Nwewin

ပရိသတ်တွေနဲ့အတူတူ “လိပ်ပြာစံအိမ်” ရုပ်ရှင် အတူတူကြည့်ပေးခဲ့တဲ့ ဒေါင်း

လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဒေါင်းဟာ သူ့ရဲ့ ဆန်းတက်နေချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်ပြီး ယောကျာ်းပီသတဲ့ ဒေါင်းက သရုပ်ဆောင်လဲကောင်းမွနတာကြောင့် ပရိသတ်တွေက အားပေးနေရသူဆိုလဲ မမှားပါဘူး။ အခုဆိုရင် ဒေါင်းက အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေနိုင်သူ ဖြစ်နေပါပြီ။ လိပ်ပြာစံအိမ် The Only Mom ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်နေရာကနေ သရုပ်ဆောင်ထားတဲ့ ဒေါင်းက ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ City Mall Shopping Center က JCGV ရုပ်ရှင်ရုံမှာ သူ့ရဲ့ ချစ်ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါင်းက ပရိသတ်တွေနဲ့ အတူတူ တွေ့ဆုံရင်း လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူကြည့်ခဲ့ပါသေးတယ်။ ဒေါင်းကို အားပေးကြတဲ့ ပရိသတ်တွေကလဲ ရာနဲ့ချီပြီး ထိုပွဲလေးကို တက်ရောက်ခဲ့ကြပါတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့တဲ့...

မင်းသွေးနဲ့ပတ်သက်ပြီး မိသားစုဝင်များမှ မေတ္တာရပ်ခံချက် စာတစ်စောင်ထုတ်ပြန်

မင်းသွေးနဲ့ ပတ်သက်ပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ မီဒီယာများတွင် တင်ခြင်း ကိစ္စရပ်တွေအပေါ် ကျန်ရစ်သူ မိသားစုဝင်တွေက မေတ္တာရပ်ခံချက် စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သရုပ်ဆောင် မင်းသွေးနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မေတ္တာရပ်ခံချက် သတိပေး စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ‘’ကွယ်လွန်သူ သရုပ်ဆောင် အဆိုတော် မင်းသွေးနှင့် ပတ်သက်၍ မိသားစုဝင်များမှ မေတ္တာရပ်ခံချက်’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့တာပါတယ်။ ‘’ရုပ်ရှင်သရုပ်ဆောင် အဆိုတော်မင်းသွေးအား ယနေ့အချိန်ထိ ချစ်ခင်အားပေးနေကြခြင်းအတွက် အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်။ ယခုအခါ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေး နာမည်အား အသုံးပြုပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ လူမှုစာမျက်နှာများတွေ တင်ခြင်း၊ မီဒီယာများတွင် တင်ခြင်း၊ မင်းသွေးနှင့် ဆွေမျိုးတစ်သိုက် Group နာမည်သုံးပြီး Admin မသိရှိပဲ အလှူဒါနပြုခြင်းများ၊ MT Logo...

တချို့ဇာတ်ကားတွေပေါတောတောမလို့မရိုက်ချင်ပေမယ့် ရိုက်ပေးရတဲ့အကြောင်းရင်းကိုပြောပြလာတဲ့ စိုးမြတ်သူဇာ

သရုပ်ဆောင် စိုးမြတ်သူဇာက တချို့ မြန်မာဟာသကားများကို ပေါကားလို့ ပြောနေကြပေမယ့် အဲ့လို ကားကို ကြိုက်တဲ့ ပရိသတ် သီးသန့်ရှိတာကြောင့် ရိုက်ကူးနေရတာကို နားလည်ပေးစေလိုတယ်လို့ ပြောပါတယ်။“ဇာတ်ကားတွေကို ကြည့်ကြည့်ပါ။ အနုပညာပိုင်းမှာ အားလျော့တယ်ထင်ပေမယ့် ခေတ်ကာလက မတူကြဘူး။ ခေတ်တွေက ပြောင်းလာတယ်။ မကြီးတို့ခေတ်တွေ ပြောင်းလာသလို လူတွေရဲ့ အကြိုက်ကလည်း မတူတော့ဘူး။ လူတွေကပေါကားလို့ ပြောကြတယ်။ မကြီးက အဲ့လိုမတွေးဘူး။ အဲ့လိုကားကို ကြိုက်တဲ့ ပရိသတ်က သီးသန့်ရှိတယ်။ အနုပညာသမား တွေကလည်း အဲ့တာလေးကိုသိတယ်။ သိလို့ရိုက်ပေးနေတာ” “တယောက်နဲ့ တယောက်အကြိုက်ခြင်းကတော့ ဘယ်တူပါ့မလဲ။ မကြိုက်ရင်တော့ မကြည့်ကြနဲ့ပေါ့။ တချို့ကားတွေ မကြီး ကားတွေ ပေါတောတောပါ ကောင်းပါမယ်။ နားလည်ပေးစေချင်တယ်။ တချို့ကားတွေက လူမှုရေးအရ ရိုက်ပေးရတာ တွေရှိတယ်။ တခါတလေသိ တယ် မရိုက်ချင်ဘူး။ ဒါပေမယ့် အကြောင်းကြောင်းတွေက အများကြီးရှိတယ်။ မကြီးတို့...

သမီးလေးအဖေနဲ့ သမီးလေးကို ပေးမတွေ့ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ မျိုးစန္ဒီကျော်

ပရိတ်သတ်ကြီးရေ... အနုပညာလောကမှာတခေတ်တခါက အရမ်းကို နာမည်ကြီးပြီး လူကြိုက်များအားပေးခြင်းခံခဲ့ရတဲ့ မင်းသမီးလေးကတော့ သရုပ်ဆောင်မျိုးစန္ဒီကျော်ပဲဖြစ်ပါတယ်နော်။ အခုအချိန်ထိလည်း သူမကိုဝန်းရံပြီးအားပေးနေကြတဲ့ ပရိတ်သတ်တွေရှိနေခဲ့ပါတယ်။ဒါပေမယ့် သူမဟာ အနုပညာအလုပ်တွေနဲ့ အချိန်အတိုင်းအတာတစ်ခုထိအလှမ်းကွာနေခဲ့ပြီး လတ်တလောမှာတော့ သူမချစ်တဲ့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပါပြီနော်။ သူမဟာ ချစ်ဖို့ကောင်းတဲ့ သမီးလေး jewelလေးကိုပိုင်ဆိုင်ထားတဲ့မိခင်လည်းဖြစ်ပါတယ်။ အမျိုးသားနဲ့ ကွဲပြီး Single mother အဖြစ်နဲ့ သမီးလေး Jewel ကို စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ သမီးလေးကို သူ့ဖခင်နဲ့ ပေးမတွေ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။။"အစ်မ ပေးတွေ့ခွင့် ပေးတုန်းက အဲ့ဒါကိုတန်ဖိုးမထားခဲ့ဘူး "ဆိုပြီး အမျိုးသားဖြစ်သူကို က လေးနဲ့ ပေးမ တွေ့ဖြစ်ခဲ့တဲ့ အ ကြောင်းပြောပြလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် မျိုးစန္ဒီကျော်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ မျိုးစန္ဒီကျော်နဲ့ ၀၀တုတ်တုတ် အသားဖြူဖြူ ပါးဖောင်းဖောင်းနဲ့ ချစ်စရာ သမီးငယ်လေး Jewel လေးကို ချစ်ရင် Share ပေးသွားကြဦးနော်။ Video...