ပရိသတ်​​တွေကို Happy Valentine’s Day လို့​ပြောပြီး သီချင်းဆိုပြခဲ့တဲ့ မေမေချစ်သုဝေနဲ့ ​ခေတ်​​တုတ်​​လေးရဲ့ဗီဒီယို

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​မေ​မေချစ်​သု​ဝေက ဒီ​နေ့​ Valentine's ​Day ​လေးမှာ ချစ်​စရာ​ကောင်းတဲ့ သမီး​လေး​ခေတ်​နဲ့အတူ Live လွှင့်​ခဲ့တာ ​တွေ့ရပါတယ်​။ မီး​တွေပျက်​​နေတဲ့ ချစ်​သူများ​နေ့​လေးမှာ​တော့ သမီး​လေး​ခေတ်​နဲ့ ​ပျော်​​နေတဲ့ ​မေ​မေချစ်​သု​ဝေရဲ့ live ဗီဒီယို​လေးက အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပဲ ဖြစ်​ပါတယ်​။ ချစ်ပရိသတ်တွေအတွက် သမီး​လေး​ခေတ်​ကိုထိန်းရင်း အလုပ်​ရှုပ်​​နေတဲ့ ​မေ​မေချစ်​သု​ဝေရဲ့​Live ​ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေမေချစ်သုဝေကတော့ ပရိသတ်​ကိုသီချင်းဆိုပြဖို့ live လွှင့်​ခဲ့​ပေမယ့်​ သမီး​လေး​ခေတ်​ကိုထိန်း​နေရတာ​ကြောင့်​ မဆိုပြဖြစ်​​တော့ပဲ ​ခေတ်​​လေးကသာ ​မေ​မေရဲ့သီချင်း​တွေကို အားရပါးရသီဆိုပြခဲ့တာပါ။ ချစ်​စရာ​ကောင်းလွန်းတဲ့ ​မေ​မေချစ်​သု​ဝေနဲ့ ​ခေတ်​တုတ်​​လေးရဲ့ ဗီဒီယို [youtube https://www.youtube.com/watch?v=rDhmIxAY420&w=330&h=300] အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ ချစ်ပရိသတ်တွေလည်း စကား​ကောင်း​ကောင်း​ပြောပြီး...

ဒီကနေ့ Girl Generation ဆိုင်သစ်ဖွင့်ပွဲကို အမိုက်စားဖက်ရှင်နဲ့ ပွဲတက်လာခဲ့တဲ့ သင်ဇာဝင့်ကျော်

Sexy ကျကျပုံရိပ်လေးတွေကြောင့်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုခံနေရတာကတော့နိုင်ငံကျော်မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်အလှတွေနဲ့ပွဲတက်အမိုက်စားပုံရိပ်တွေကပရိသတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။သူ့ရဲ့အလှတွေကြောင့်လည်းအနုပညာအလုပ်တွေကိုစလုပ်တဲ့အချိန်တည်းကခုချိန်ထိအောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရှိနေတာပါ။ သူမရဲ့အလှတွေကြောင့်လည်းကြော်ငြာဓာတ်ပုံလေးတွေကိုအများဆုံးရိုက်ကူးနေရတာဖြစ်ပါတယ်။ဆိုင်ဖွင့်ပွဲတိုင်းမှာလည်းမပါမဖြစ်တက်ရောက်ဖို့ဖိတ်ကြားခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဝေဖန်မှုတွေများစွာရှိနေပေမယ့်လည်းပရိသတ်တွေအတွက်အနုပညာအလုပ်တွေကိုပဲကြိုးစားနေတာဖြစ်ပါတယ်။ဝေဖန်မှုတွေကြားထဲကသူ့ရဲ့အနုပညာအလုပ်တွေကိုအားပေးနေတဲ့ပရိသတ်ကလည်းတစ်ခဲနက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်ဟာ Girl Generation ကိုရီးယားအလှကုန်ပစ္စည်း ဆိုင်သစ်ဖွင့်ပွဲ ကို တက်ရောက်လာတဲ့ခဲ့ပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက စံရိပ်ငြိမ် ဂမုန်းပွင့်မှာ ပြုလုပ်ခဲ့တာပါ။ ပရိသတ်ကြီးအတွက် သင်ဇာရဲ့ အမိုက်စားဖက်ရှင်နဲ့ ပွ္ပဲတက်လာတဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ သင်ဇာကိုချစ်ရင် Share ပေးသွားကြဦးနော်။ Photo Source : Celeyatkwat

Valentine Day လက်ဆောင်အဖြစ် ကောင်မလေးရဲ့လက်ကိုဆွဲပြီး သူကြိုက်တဲ့လက်ဝတ်ရတနာတွေကို ရွေးဝယ်ပေးခဲ့တဲ့ Mikis

မြန်မာပြည်မှာနေတဲ့ ဂျာမနီဖွား အဆိုတော်လေး Mikis Weber ကတော့ ကောင်မလေးတွေသဲသဲလှုပ်ဝန်းရံခံရသူလေးမို့ ပ&dသတ်တွေ မသိတဲ့သူမရှိသလောက်ပါပဲ။ Mikis ကတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး မြန်မာ အစားသောက်တွေကို ကြိုက်တတ်တဲ့ မစ်ကီလေးကို ပရိသတ်တွေက အရမ်းကိုချစ်ခင်အားပေးကြပါတယ်။ Mikis ဟာ မြန်မာပြည်မှာ သီချင်းလေးတွေ လုပ်နေပြီး ကြော်ငြာမဂ္ဂဇင်းဓာတ်ပုံလေးတွေတောင် လက်ခံရိုက်ကူးနေရ သူဖြစ်ပါတယ်။ Mikis ကတော့ မြန်မာမလေးဖြစ်တဲ့ ဆုဆုဝင်းနဲ့ ချစ်ကြိုးသွယ်နေတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ပရိသတ်တွေကလဲ Mikis တို့စုံတွဲကို သဘောတူကြပြီး လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိနေခဲ့ပါတယ်။ ယနေ့မှာတော့ Mikisတစ်ယောက် Valentine dayနေ့မှာ Valentine dayလက်ဆောင်အဖြစ် ကောင်မလေးရဲ့လက်ကိုဆွဲပြီး သူကြိုက်တဲ့လက်ဝတ်ရတနာတွေကို ရွေးဝယ်ပေးခဲ့ပါတယ်။တစ်ယောက်ကိုတစ်ယောက် ကြည်နူးတဲ့ အပြုံးလေးတွေနဲ့ ကြည့်နေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပြီး အဆိုပါပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ source: Dynasty Gold & Jewellery

ပရိသတ်တွေရဲ့ အကူအညီနဲ့ ဇနီးဖြစ်သူ ချစ်သုဝေကို ထူးထူးခြားခြား လက်ဆောင်လေးပေးခဲ့တဲ့ လင်းလင်း

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်တဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ဦးစလုံးက အနုပညာရှင်တွေဖြစ်ပြီး မအားလပ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် အချိန်ပေး ဂရုစိုက်ကြပါတယ်။ ဒီနှစ် ဗယ်လင်တိုင်းဒေးမှာတော့ လင်းလင်းက ကလေးနှစ်ယောက်နဲ့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့ ဇနီးချောလေး ချစ်သုဝေကို ထူးထူးခြားခြား လက်ဆောင်လေး ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ပရီမီယာကော်ဖီနဲ့ ပူးပေါင်းပြီး ပရီမီယာကော်ဖီအထုတ်တွေထဲမှာ ချစ်သုဝေအတွက် ချစ်သဝဏ်လွှာလေးတွေကို ထည့်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေကလဲ လင်းလင်းပေးထားတဲ့ ချစ်သုဝေအတွက် ချစ်သဝဏ်လွှာလေး တစ်စိတ်တစ်ပိုင်းစီကို ကူညီရှာဖွေပေးရင်း စာတစ်စောင်ဖြစ်အောင် စုစည်းပေးခဲ့ကြပါတယ်။ ဒီနေ့ ဗယ်လင်တိုင်းဒေးမှာတော့ ချစ်သုဝေတစ်ယောက် လင်းလင်းပေးထားတဲ့ ချစ်သဝဏ်လွှာလေးကို...

အဆိုတော်ဝနရဲ့ မင်္ဂလာပွဲဘာကြောင့်ပျက်ရတယ်ဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်း ဖြစ်ရပ်မှန်

အဆိုတော်ဝနတို့ချစ်သူနှစ်ဦးဟာ မင်္ဂလာဆောင်ခါနီးမှ မင်္ဂလာပွဲပျက်သွားကြောင်းကို ဝနချစ်သူကကြော်ညာခဲ့တာပါ။ ဘာကြောင့်ပြတ်တယ်ဆိုတာ ပရိသတ်တွေက သိချင်နေကြပါတယ်။ ဆယ်နှစ်တာတွဲလာတဲ့ချစ်သူတွေမို့ပရိသတ်တွေကလဲစိတ်မကောင်းဖြစ်နေကြပါတယ်။ အမှန်ဆိုရင်ဖြင့် ဒီနေ့ Valentine Days ဟာဆိုရင်ဖြင့် သူတို့ရဲ့ မင်္ဂလာဆောင်မဲ့နေ့လေးလဲဖြစ်ပါတယ်။ မင်္ဂလာပွဲဘာကြောင့်ပျက်ရတယ်ဆိုတာဝန ရဲ့ ချစ်ပရိတ်သတ်ကြီး သိအောင် အဖြစ်မှန်ကို တင်ပြလိုက်ရပါတယ်နော်။အဆိုတော် ဝန အ​ကြောင်းဘာမှမသိဘဲ ​ဝေဖန်​​နေကြတဲ့ဟာ​တွေဖတ်​ကြည့်​။ #အဆိုတော်လားလှောင်အိမ်ထဲကငှက်လား သမိုင်းမုဒိတာအိမ်ယာမှာနေတော့လဲ ကိုဝန က အိမ်ထဲက အိမ်အပြင်တောင်ထွက်လည်တတ်တဲ့လူစားမျိုး မဟုတ်ဘူး။ သူ့သက်ဆိုင်သူကချစ်တယ် ဆိုတဲ့စကားလုံးလှလှလေးနဲ့ စိတ်မချလို့ပါဆိုပြီး အပြင်သွားရင်ကိုဝန ကို အခန်းထဲသော့ခတ်ပြီးထားခဲ့တာမျိုးတွေ လူတွေမသိကြသေးဘူး။ လင်မယားအရာမရောက်သေးပေမဲ့ အိမ်ပေါ်တက်နေတဲ့ သူ့သက်ဆိုင်သူကို ဇနီးလိုသဘောထား ရှာသမျှပိုက်ဆံအကုန်အပ်ပြီး ပိုက်ဆံလိုရင်လက်ဖြန့် တောင်းသုံးရတဲ့ လက်ဝေခံ အဆိုတော်ကြီးအဖြစ်သူ့ရဲ့လူမသိသူမသိဘဝမှာ အချစ်တစ်ခုထဲနဲ့ နှုတ်ခမ်းနီမလေးတွေဝိုင်းနေလဲ သူ့အချစ်နဲ့သူမလဲခဲ့ဘူး။၁၀ ဖို့ ၁ ဖို့စာလောက် ရှာလို့ရသမျှငွေလေးတွေထဲကသူအဆိုတော်ဖြစ်အောင် ရုန်းကန်ပေးခဲ့တဲ့ သူချစ်တဲ့ အမေ နဲ့ သူ့မိသားစုကို တစ်လ ၁၀ သိန်းလောက်ပဲပေပးရပေမဲ့...

ချစ်​သူများ​နေ့အတွက်​ မိန်းမကို Surprise အကြီးကြီး လုပ်​လိုက်​တဲ့ သားညီ

လွန်​ခဲ့တဲ့ နှစ်​​တွေက သရုပ်​​ဆောင်​အလုပ်နဲ့ ပရိသတ်​​တွေရင်​ထဲမှာ ​နေရာယူထားနိုင်​တဲ့ သရုပ်​​ဆောင်​ သားညီက​တော့ လက်​ရှိမှာ ဒါရိုက်​တာတစ်​ဦးအ​နေနဲ့ ပရိသတ်​အတွက်​ အ​ကောင်းဆုံးကြိုးစား​နေတာပါ။ ချစ်​ရတဲ့မိန်းမနဲ့ ချစ်​စရာ​ကောင်းတဲ့ သား​လေးကို ပိုင်​ဆိုင်​ထားတဲ့ သားညီက​တော့ သာယာ​ပျော်​ရွှင်​တဲ့ မိသားစုတစ်​ခုကို ဖန်​တီးပုံ​ဖော်​ထားတာပါ။ လတ်​တ​လောမှာ​တော့ သားညီက မနက်​ဖြစ်​ကျ​ရောက်​မယ့်​ ချစ်​သူများ​နေ့အတွက်​ ချစ်​ဇနီး​လေးကို Surprise အကြီးကြီး လုပ်​ခဲ့တာ ​တွေ့ရပါတယ်​။ ချစ်​တတ်​လွန်းတဲ့ ခင်​ပွန်းကို ပိုင်​ဆိုင်​ထားတဲ့ သားညီရဲ့ဇနီး​လေးက​တော့ ​တော်​​တော်​​လေးကို ကံ​ကောင်းပါတယ်​​နော်​။ ချစ်​ပရိသတ်​​တွေ​အတွက်​ အိမ်​​ထောင်​သက်​​တွေ ဘယ်​​လောက်​ကြာကြာ Ro ​နေဆဲဖြစ်​တဲ့ သားညီရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ သားညီက​တော့ "ကျွန်တော်တို့ မချမ်းသာပါဘူး ...ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာတဲ့ပိုက်ဆံကိုတော့ တန်ဖိုးထားပါတယ် ...အသက်ကြီးလာတော့ စိတ်ကူးယဉ်မဆန်တော့ဘူး ...လက်တွေ့ပိုဆန်လာတယ် ...ရို တာမပေးတော့ဘူးလို တာပဲပေးတော့မယ် ...ချစ်သူများနေ့အတွက် လက်ဆောင်ပါ မိန်းမရေ ။" ဆိုပြီး အချစ်​စာ​စောင်​​လေးကို ​ရေးသားထားပါ​သေးတယ်​။ ချစ်​စရာ​ကောင်းတဲ့...

မနောမြေမှတေးသံသာ သီချင်းလေးကို အားပါးတရသီဆိုနေတဲ့ အိန္ဒြာကျော်ဇင်သားလေး ဖိုးဒီရဲ့ဗီဒီယိုဖိုင်

လက်ရှိ အနုပညာလောကတွင် ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ယခုချိန်ထိ ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို ရရှိထားသူတွေပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်များတွင် ကျွမ်းကျင်ပီပြင်စွာသရုပ်ဆောင်မှုတို့တွေကြောင့်လည်း သူတို့နှစ်ဦးဟာ ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားကြသူတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သားငယ်ဖိုးဒီနှင့် သမီးလေး သုသုတို့နှင့်အတူ ပျော်ရွှင်သာယာသော မိသားစုကမ္ဘာလေးအဖြစ်ဖန်တီးတည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ အူဝဲတစ်ယောက်ဟာလည်း ကလေးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေအပြင် သူမကိုချစ်တဲ့ ပရိတ်သတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေတဲ့ မိခင်ကောင်းတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။ သူတို့ရဲ့သားသမီးတွေဖြစ်ကြတဲ့ ဖိုးဒီနဲ့ သုသုတို့နှစ်ယောက်ဟာလည်း အရမ်းကိုချစ်စရာကောင်းလွန်းနေပြီး ပရိတ်သတ်များကသာမကပဲ အနုပညာရှင်များကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ အခုတစ်ယောက်မှာလည်း သူတို့မောင်နှမနှစ်ယောက်ရဲ့အတွဲညီညီသီချင်းသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်တွေအတွက် ဝေမျှထားတာလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး မပီကလာလေးသီဆိုထားကြတဲ့ သုသုတိုည့မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ Video ကြည့်ရန် Source - May Toe Khine

ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ

ချစ်သူသက်တမ်း ၁၀နှစ်နီးပါးရှိပြီ ဖြစ်လို့ စိတ်တူကိုယ်တူလက်ထပ်ကြဖို့ ရည်ရွယ်ပြီး မင်္ဂရက်မြတ်ရွေးချယ် ကာ Pre Weddingအတွက် အလှ ဓာတ်ပုံတွေရိုက်ပြီးမှ မင်္ဂလာပွဲပျက် သွားပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ရက် မနက်ပိုင်းက ဝနရဲ့ချစ်သူ Aung Nun ရဲ့လူမှုကွန်ယက်စာမျက် နှာမှာ ဖော်ပြထားတာတွေ့ရပြီး ဆွေမျိုး၊မိတ်ဆွေနဲ့သူငယ်ချင်းများမှ အံ့သြဝမ်းကာ အချင်းချင်းညှိနှိုင်းဖို့ အကြောင်းတွေမေးမြန်းရေးသား ထားတာတွေ့ရပါတယ်။   ‘အားလုံးကို တောင်းပန်ပါတယ် မင်္ဂလာပွဲပျက်သွားပြီဖြစ်ကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ အသိပေး ပါတယ်’ လို့သာရေးသားထားပြီး မင်္ဂလာပွဲပျက်ရတဲ့ အကြောင်းအရင်း ကို ပြန်လည်ဖြေရှင်းပြောဆိုထားတာ မရှိသေးပါဘူး ။ ဝနရဲ့ သူငယ်ချင်းဖြစ်သူ တေးသံရှင် သာဒီး ကတော့ ” ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ။တိုက်ဆိုင်မှုမရှိရင်တော့ ပြတ်ကြမှာပေါ့ဗျာ။အစကတော့ ပြန် ပြီး အဆင်ပြေမယ်ထင်တာပဲလေ။ ကျွန်တော်တို့လင်မယားတွေတုန်းက လည်း အဲလိုပဲပြသနာတွေတက်ကြ တာပဲလေ။ပြီးရင်တော့ ပြန်အဆင်ပြေ သွားတာပဲ။ဒါကတော့ လင်နဲ့မယားတိုင်း မှာဖြစ်...

နောက်ဘယ်တော့မှအဲ့လို မကတော့ဘူးဆိုတဲ့ ခိုင်သင်းကြည်

မခိုင်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီး ချော တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ ယနေ့အချိန်ထိ သရုပ်ဆောင် ပီပြင်မှု တွေ၊ နုပျိုလှပမှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ် တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါ တယ်..။ ပရိသတ်တွေရဲ့ ရင်ထဲက မင်းသမီး တစ်ဦး ဖြစ်သလို အနုပညာလောကမှာလည်း နာမည်ကောင်းတွေနဲ့သာ ကျော်ကြားတဲ့ သူမကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်း နေသူမို့ ပရိသတ်တွေ အမြဲအားကျချစ်ခင်နေရသူလေးဆိုလည်း မမှားပါဘူး..။ အမြဲတမ်းနုပျိုသွက်လက်ပြီး ချစ်စဖွယ်ကောင်းအောင်နေတတ်တဲ့ မခိုင်လေးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်တွေက အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာညစာ စားပွဲမှာ အပီဒွန့်ခဲ့တာ ပရိသတ်တွေမှတ်မိမယ်ထင်ပါတယ် ။ ချစ်စရာကောင်းတဲ့ ကကွက်တွေကို လူငယ်မင်းသမီးလေးတွေဖြစ်တဲ့ ခင်ဝင့်ဝါ ၊ အေးမြတ်သူတို့နဲ့အတူတူ ကခဲ့တဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြားမှာ ချစ်စရာကောင်းလွန်းလို့အရမ်းကိုရေပန်းစားခဲ့တာပါ ။ ဒါပေမယ့်...

အမေစုပြောပြတဲ့ ဗိုလ်ချုပ်ရဲ့ မပြည့်သွားတဲ့ဆန္ဒလေးတစ်ခုကို ဗိုလ်ချုပ်မွေးနေ့မှာ ပြောပြလာတဲ့ လင်းလင်း

Rock သီချင်းအမိုက်စားတွေနဲ့ ပရိသတ်တွေအားပေးလက်ခံမှုရရှိလာခဲ့တဲ့ အဆိုတော်လင်းလင်းဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း တချိန်က အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့သူပါ။  အမြွှာသမီးလေး (၂) ယောက်ရဲ့ ဖခင်ဖြစ်နေပြီဖြစ်တဲ့ လင်းလင်းဟာ မိသားစုတာဝန်တွေကိုလည်း ထမ်းဆောင်ရင်း လေးစားမြတ်နိုးရတဲ့ အမေစုဆီကိုလည်း အချိန်ရရင် ရသလို သွားရောက် ကန်တော့ခဲ့တာတွေ့ရပါတယ်။ လင်းလင်းကတော့ ယနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့လေးမှာ ဗိုလ်ချုပ်သမီးဖြစ်သူ အမေစုပြောပြဖူးတဲ့ ဗိုလ်ချုပ်ရဲ့ ဆန္ဒလေးကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ်။ လင်းလင်းပြောပြတဲ့ဗိုလ်ချုပ်ဆန္ဒလေးဟာ ဘယ်စာအုပ်၊ သင်ခန်းစာတွေထဲမှာမှ မပါဖူးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ဆန္ဒလေးတစ်ခုဖြစ်ပြီးတော့ ဖတ်မိသူတွေအားလုံးဝမ်းနည်းမျက်ရည်လည်ခဲ့ရပါတယ်။ “ Happy birthday ပါ အဖ “Happy birthday ပါ အဖစာ အရသာ ပြောရတာပျော်စရာမကောင်းပါဘူး အဖရာ :(((ပြန်ကြားရေးဝန်ကြီးဌါနကိုလဲ ပြက္ခဒိန်အသစ်လဲပေးရဦးမယ် အဖ သူတို့ပြက္ခဒိန်က ၂၀၁၁ ထိဘဲပါတယ် အဖကောသလမင်းကြီးကိုလဲ အရမ်းစိတ်ဆိုးတယ်အဖ သူ အဲဒီအိပ်မက် ၁၆ ချက် မမက်သင့်ဘူး,, တကယ်မက်ခဲ့ရင်လဲ...