လိုက်ဖက်ညီစွာ တူယှဉ်တွဲပြီး ပွဲတက်လာခဲ့တဲ့ ပရိသတ်အချစ်တော် နေတိုးနဲ့ မိုးဟေကို

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ မိုးဟေကိုက ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ အတွဲညီညီနဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေကလည်း သဘောကျကြိုက်နှစ်သက်စွာနဲ့ အားပေးကြတာကို တွေ့ရပါတယ်။ မိုးဟေကိုတစ်ယောက် အနုပညာလောကကနေ ခတ္တနားလိုက်တော့ နေတိုးနဲ့ မိုးဟေကိုတို့က နောက်ပိုင်းမှာတော့ အတူတူတွဲပြီး သရုပ်ဆောင်တာ ရှားသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် နေတိုးနဲ့ မိုးဟေကိုက 7th Sense Film Production မှ မကြာခင်မှာ ရိုက်ကူးမယ့် "ကျွန်တော်ရဲ့သူ" ရုပ်ရှင်ဇာတ်ကားကြီးမှာ တွဲဖက်ပြီး သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးမှာ ဖြစ်ပြီး အဓိက သရုပ်ဆောင်များအနေနဲ့ နေတိုးနဲ့ မိုးဟေကိုတို့ ပါဝင်မှာပဲ ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ(၂၀) ရက်နေ့မှာတော့ နေတိုးနဲ့မိုးဟေကိုက KER Opening Ceremony ပွဲကို...

ခင်ပွန်းနဲ့တူတဲ့ သားလေးကို မွေးဖွားပေးနိုင်လို့ အရမ်းပျော်ရွှင်နေတဲ့ ပိုးအိအိခန့်

ပိုးအိအိခန့်က သားလေးက ခင်ပွန်းဖြစ်သူ နာမည်ကျော်ဘောလုံးအားကစားသမား အောင်သူနဲ့ တူတယ်လို့ ဆိုပါတယ်။ သူမရဲ့ သားလေးကိုလည်း ပရိသတ်တွေအားလုံးက အချစ်ပိုလို့နေပါတယ်။သရုပ်ဆောင် ပိုးအိအိခန့်ကတော့ ခင်ပွန်းနဲ့တူတဲ့ သားလေးကို မွေးဖွားခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမဟာ ဇူလိုင်လ ၁၉ ရက်နေ့က ပထမဆုံးရင်သွေးလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ ‘’Luv you too my husband, ဖောင်းကတော့ ကိုနဲ့တူတဲ့သားလေး မွေးပေးနိုင်လို့ အရမ်းပျော်နေပါတယ်ရှင်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ခင်ပွန်းဖြစ်သူ နာမည်ကျော်ဘောလုံးအားကစားသမား အောင်သူကလည်း သားလေးကို မွေးပေးတဲ့ ချစ်ဇနီးချောလေးကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ ရေးထားတဲ့ Post လေးကိုလည်း ပိုးအိအိခန့်က Share လုပ်ရင်း အခုလို ရေးသားခဲ့တာပါ။...

အိမ်ထောင်သက်တမ်း (၂၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ချစ်ချစ်ဇော်တို့ ဇနီးမောင်နှံ

အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့ပြီဆိုပေမယ့် အနုပညာမျိုးရိုးတွေ များလွန်းလှတဲ့ ချစ်ချစ်ဇော်တို့ မိသားစုလေးဟာ စံပြအားကျထားရလောက်အောင် ချစ်စရာကောင်းတဲ့မိသားစုလေးပါ။ ချစ်ချစ်ဇော်ကတော့ လွန်ခဲ့တဲ့ (၂၂) နှစ်က တည်ဆောက်ထားခဲ့တဲ့ ဘဝလက်တွဲဖော်နဲ့အတူ ဒီနေ့လေးမှာ (၂၂) နှစ်တာ နှစ်ပတ်လည်နေ့လေးကို ရောက်ရှိလာခဲ့တာပါ။ ချစ်ချစ်ဇော်နဲ့ ဇော်ဝင်းမောင်တို့ဟာ (၂၂) နှစ်တာကာလအတွင်း ဆိုးအတူ ကောင်းအဖက် တိုင်ပင်ဖော်/တိုင်ပင်ဖက်တွေအဖြစ် ဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုလည်း နှစ် (၂၀) ပြည့် နှစ်ပတ်လည်နေ့တုန်းက သီကုံးဖွဲ့နွဲ့စွာ ယခုလိုပဲ ချစ်ချစ်ဇော်က ရေးသားထားတာပါ။ ယုံကြည်လို့တည်ဆောက်ခဲ့တဲ့ ကျမရဲ့အိမ်ထောင်သက်ကလေး ဒီနေ့ *အနှစ်၂၀*တင်းတင်းပြည့်တဲ့နေ့ကလေးပါ။ အကယ်စင်စစ်~~သူသည် ကျမအားကိုးရသော သူငယ်ချင်း ကျမ၏တိုင်ပင်ဖော်/ဖက် မိတ်ဆွေရင်း ကျမဆိုးနွဲ့တိုင်း သည်းညဉ်းခံတတ်သော အကိုကြီး ကျမကဆိုဆုံးမတိုင်း နာခံတတ်သော တပည့်စစ် *တစ်ခါတစ်ရံ ကျမရူးသမျှဟာသများကို အားပေးတတ်သော ပရိသတ် သူသည်~~~ကျမ၏ဒဏ်ကိုအခံနိုင် ဆုံးသော ကျမမိသားစုနှင့်တစ်သားတည်းကျအောင် နေထိုင်တတ်သော ပကာသနမရှိ အဆောင်အယောင်မဲ့မေတ္တာအပြည့်သာချမ်းသာကြွယ်ဝသည့်ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါတော့သည်။...

ပူပူနွေးနွေး ဇနီးလေး မျက်နှာကိုကြည့်ရင်း သီချင်းဆို ဖျော်ဖြေခဲ့တဲ့ ဇွဲပြည့်

အသံကြည်ကြည်ချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတဲ့ အဆိုတော် ဇွဲပြည့်ကို ပရိသတ်ကြီး အားလုံးသိပြီးသားဖြစ်ပါတယ်၊ သီချင်းဆိုကောင်းသလို ရုပ်ရည်လေးလည်း ချောမောတဲ့ အဆိုတော် ဇွဲပြည့်ကို လူကြီး လူငယ်မရွေးချစ်ခင် အားပေးကြတာပဲ ဖြစ်ပါတယ်။ ဇွဲပြည့်က လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုက်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။ မနေ့က ဇူလိုင်လ(၁၉) ရက်နေ့ (အာဇာနည်နေ့)မှာတော့ ဇွဲပြည့်က သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ပြင်ဦးလွင်မြို့က မြို့တော်ခန်းမမှာ လက်ထပ်ထိမ်းမြားခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲမှာ ဇွဲပြည့်က ချစ်ရတဲ့ ဇနီးချောလေးမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ကြွရောက်လာတဲ့ ဧည့်ပရိသတ်တေီကို သီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက် ဇွဲပြည့်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ပူပူနွေးနွေး ဇနီးလေး မျက်နှာကိုကြည့်ရင်း သီချင်းဆို ဖျော်ဖြေခဲ့တဲ့ ဇွဲပြည့် [youtube https://www.youtube.com/watch?v=DUo5Rxg9jrI] ဇွဲပြည့်ကတော့ ချစ်ရတဲ့ချစ်သူလေးနဲ့ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ရပြီမို့ တော်တော်လေး ပျော်နေပုံပါပဲ။ ဇွဲပြည့်တို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှစ...

ဟဲဟိုးလေဆိပ်မှာ အမှတ်မထင်ပြန်ဆုံခဲ့ကြတဲ့ တချိန်က ဒိတ်ဒိတ်ကြဲ မင်းသားနဲ့ မင်းသမီး

တချိန်က မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေလို့ ဆိုရမယ့် လွင်မိုးနဲ့ နန္ဒာလှိုင်တို့ နှစ်ယောက်ကတော့ ဟဲဟိုးလေဆိပ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြရပါတယ်တဲ့။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ တွဲဖက်ရိုက်ကူးထားပြီး အောင်မြင်မှုတွေရရှိခဲ့ကြတဲ့အပြင် ယခုအချိန်မှာလည်း မိသားစုဘဝလေးတွေကို ကိုယ်စီတည်ဆောက်ထားနိုင်ကြပြီဖြစ်တဲ့ လွင်မိုးနဲ့နန္ဒာလှိုင်တို့ကတော့ တချိန်တုန်းက လိုက်ဖက်ညီလွန်းလှတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ နန္ဒာလှိုင်က ညောင်ရွှေကအပြန် ဟဲဟိုးလေဆိပ်မှာ လွင်မိုးနဲ့ အမှတ်မထင်ပြန်လည်ဆုံတွေ့မိလို့ ဝမ်းသာစွာနဲ့ အမှတ်တရ ဓာတ်ပုံလေးရိုက်ကူးထားတာဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမအကောင့်မှာ ထိုဓာတ်ပုံလေးကို တင်ထားတာကြောင့် ပရိသတ်တွေကလည်း ယနေ့အချိန်ထိ လှပနေဆဲဖြစ်တဲ့ သူမရဲ့အလှကိုချီးကျူးထောပနာပြုခဲ့ကြပါသေးတယ်။ တချိန်က လွင်မိုးနဲ့ နန္ဒာလှိုင်ဇာတ်ကားဆိုရင် မလွတ်တမ်းအားပေးခဲ့ကြတဲ့ သူတွေရှိကြတဲ့မလား။

တစ်ရက်ကြီး တစ်ရက်ငယ် လွင်ထက် နဲ့ မြတ်သူ တို့ သူငယ်ချင်းနှစ်ယောက်

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေရဲ့ ကလေးလေးတွေထဲမှာ လူအများရဲ့စိတ်ဝင်စားမှုကိုခံရပြီး မွေးကတည်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ မျိုးဆက်သစ်လေးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ လွင်ထက်ကတော့ သရုပ်ဆောင် လွင်မိုးရဲ့ မြေး၊ မော်ဒယ်သရုပ်ဆောင် ယွန်းဝတီလွင်မိုး နဲ့ ထက်ဦးလှိုင် တို့ရဲ့ သားဦးလေးဖြစ်ပြီး သူ့ကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၆)ရက်နေ့က သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ လွင်ထက်လေးကတော့ အဖေအမေထက် အဖိုးအဖွားတွေနဲ့ နေရတာ ပိုများပြီး ချစ်စရာကောင်းတဲ့ ကလေးလေးပါ။ သူ့ကို တွေ့လိုက်ရင် ပရိသတ်တွေက အရမ်းချစ်ကြတာကြောင့် မိဘတွေကလဲပျော်ရွှင်ရပါတယ်။ သားလေးကတော့ လာမယ့် သြဂုတ်လ(၆)ရက်နေ့မှာဆိုရင် အသက် (၁)နှစ်ပြည့်တော့မှာလဲ ဖြစ်ပါတယ်။ လွင်ထက်လေး ထက် တစ်ရက်ငယ်တဲ့ သားသားလေးကတော့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မြင့်မြတ် နဲ့ ခင်သူအောင် တို့ရဲ့ သားဦးလေး မြတ်သူ ဘဲဖြစ်ပါတယ်။ သူလေးကိုလဲ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေများသလို အဖေဖြစ်သူမြင့်မြတ်ကိုယ်တိုင်ကလဲ...

၂၀၂၀ ခုနှစ်မှ ဆက်လက်ရိုက်ကူးတော့မယ့် “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီး

ကျေးလက်တောရွာက လူနေမှုဘဝပုံစံတွေကို ပိုင်နိုင်စွာ ရေးသားနိုင်တဲ့ နိုင်ငံကျော် စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ "ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​" ဝတ္ထုကို မဖတ်ဖူးသူ မရှိလောက်ဘူး ထင်ပါတယ်။ "ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​" ဝတ္ထုက မြင်းခြံနယ်က နတ်ပွဲတွေရဲ့ အကြောင်းနဲ့ နတ်ပွဲကိုသွားကြတဲ့ ကိုကျီးညိုနဲ့ မခင်နှောင်းတို့ရဲ့ အချစ်အကြောင်းကို ပုံဖော်ထားတဲ့ ချစ်စရာတော့ဓလေ့တွေ ရောယှက်နေတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်" ရုပ်ရှင်ဇာတ်ကားကြီးကို လွန်ခဲ့တဲ့ရက်ပိုင်းက ရေစကြိုမြို့နယ် ဖြုံဘူးရွာလေးမှာ ဒေါင်း၊ ထူးအောင်၊ ဝတ်မှုံရွှေရည်၊ ခင်မို့မို့အေး တို့နဲ့ စတင်ရိုက်ကူးနေခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။"ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်" ရုပ်ရှင်ဇာတ်ကားကြီးကို ကန်တော့ပွဲပေးပြီး ရိုက်ကူးနေပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ရိုက်ကွင်းသက်မှတ်ထားတဲ့နေရာတွေမှာ ရေတွေလွှမ်းမိုးခဲ့တာကြောင့် ရိုက်ကူးရေးကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် (၂၀၂၀) ခုနှစ် ဇန်နဝါရ်ီလမှပဲ...

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ရပ်မှန်ကို ထည့်သွင်းရိုက်ကူးထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲ

နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ City Hunter ကို ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တိုင်းနီးပါး ကြည့်ရှုခဲ့ကြဖူးမှာပါ။ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Lee Min Ho နဲ့ Park Min Young တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းတွဲထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတစ်ခုကို ထည့်သွင်းရိုက်ကူးထားတာကို ပရိသတ်တွေ သတိထားမိခဲ့ကြမှာပါ။ အဲဒီသမိုင်းကြောင်းကတော့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုအကြောင်းပါပဲ။ ဇာတ်လမ်းရဲ့ အစမှာတင် တကယ့်ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်ကွက်တစ်ခုအသွင်နဲ့ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပြီး မြန်မာပရိသတ်တွေအနေနဲ့ ထိုဇာတ်လမ်းကို စတင်ကြည့်ရှုချိန်တုန်းက တကယ်ပဲ အာဇာနည်ကုန်းရဲ့ ဗုံးပေါက်ကွဲမှုကို ထည့်သွင်းရိုက်ကူးခဲ့သလားဆိုတာကို သိချင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ထိုဇာတ်လမ်းထဲမှာထည့်သွင်းရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းကို လက်လှမ်းမီသလောက် စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံသမ္မတ ချန်ဒူးဝမ်ဟာ မြန်မာနိုင်ငံ၊...

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားလေး ဂျူနီယာအောင်သူရဲ့ ပုံရိပ်များ

မြန်မာလက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူနဲ့ မင်းသမီးချောလေး ပိုးအိအိခန့်တို့စုံတွဲလေးကတော့တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးရဲ့ အားပေးချစ်ခင်မှုကို ရရှိထားနေကြသူတွေပဲ ဖြစ်ပါတယ်။  မတ်လ ၂၃ ရက်နေ့က တစ်နိုင်ငံလုံးက ပရိသတ်တွေရှေ့မှာ လက်ထပ်ထိမ်းမြားထားတဲ့ ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ မင်္ဂလာပွဲလေးဟာ ပရိသတ်တွေရဲ့ အားပေးစိတ်ဝင်စားခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ အောင်သူနဲ့ပိုးအိအိခန့်တို့ဟာ ဘန်ကောက်မှာ သားဦးလေးကို အောင်မြင်စွာမွေးဖွားလိုက်ပြီဆိုတဲ့အကြောင်း ပရိသတ်တွေကြားပျံ့နှံ့လာခဲ့ပါတယ်။ အောင်သူ လက်ရှိကစားနေတဲ့ မြောင်တောင်အသင်းရဲ့နည်းပြ ဘရာဇီးနည်းပြနဲ့အသင်းသားတွေကလည်း အောင်သူကို ဂုဏ်ပြုစကားဆိုခဲ့ကြပါသေးတယ်။ အောင်သူကတော့ သားလေးကို နာမည်မပေးရသေးဘူးလို့လည်း Siam Sport ရဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပြီးတော့ အောင်သူရဲ့သားလေး ဂျူနီယာအောင်သူဟာလည်း သူ့လိုပဲနိုင်ငံကျော်ဘောလုံးကစားသမားတစ်ယောက်ဖြစ်လာမလားလို့ စိတ်ဝင်စားနေကြတာအမှန်ပါ။ အောင်သူနဲ့ ပိုးအိအိခန့်တို့ နှစ်ဦးကမွေးဖွားလာတဲ့ သားသားလေးဟာလည်း ဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဆိုတာ ပရိသတ်တွေကလည်း သိချင်နေကြမှာအမှန်ပဲနော်။ ကဲ...ပရိသတ်ကြီးရေ ... ဂျူနီယာအောင်သူလေးကတော့ အဖေတူ နာမည်ကျော်အားကစားသမားကြီးပဲဖြစ်မလား၊ အမေတူ အနုပညာရှင်လေးဖြစ်မလားဆိုတာလည်း စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်တဲ့အပြင် သူတို့နှစ်ဦးရဲ့ ချစ်စရာသားဦးလေးပုံကိုလည်း ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။ Photos-Facebook Credit...

အရိုးရှင်းဆုံးကသာ အလှဆုံးဆိုတာကို သက်သေပြခဲ့တဲ့ ခေတ်နဲ့သစ်တို့ရဲ့မေမေ

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပညာရေးသံတမန်နဲ့ ကျန်းမာရေးသံတမန်စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ(၁၉) ရက်နေ့မှာတော့ ချစ်သုဝေက ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်တဲ့ နက်စလေဝက်ဝံမော့မစ် အသစ်သောက်ဗူး မိတ်ဆက်ပွဲနှင့် ကြံ့ခိုင်ခြင်းနဲ့ ထက်မြက်ခြင်း စကားရည်လုဆွေးနွေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ချစ်သုဝေက မိုးပြာရောင်ဝတ်စုံလေးကို ဝတ်ပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့ အလှကြီးလှနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေရဲ့ လှပပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ချစ်သုဝေကတော့ သူမကိုယ်တိုင်လည်း ခေတ်ပညာတတ် ဆရာဝန်တစ်ဦးဖြစ်တာမို့ ပညာရေးဆိုင်ရာ ဟောပြောပွဲနဲ့...